Types of Cloud Computing

Share this article to...

Cloud Computing ဟာ Developers နှင့် IT Departments တွေကို Procurement, Maintenance နှင့် Capacity Planning တို့လို အလုပ်တွေကို အာရုံစိုက်ဖို့မလိုဘဲ မိမိတို့ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းတွေပေါ်မှာပဲ လုပ်ဆောင်နိုင်စေတာပါ။ Cloud Computing အသုံးပြုမှုကျယ်ပြန့်လာတာနှင့်အမျှ လိုအပ်ချက်အမျိုးမျိုးအတွက် ကိုက်ညီစေမယ့် Models တွေနှင့် Deployment Strategies တွေရှိပါတယ်။ Cloud Service Type တွေ Deployment Method တွေ မတူတာမို့ Control ပိုင်း၊ Management ပိုင်းတွေနှင့် Flexible ဖြစ်မှုတွေ အမျိုးမျိုးဖြစ်မှာပါ။ Cloud Computing Models ရဲ့ ကွာခြားချက်တွေ၊ Deployment Strategies တွေကို နားလည်ထားခြင်းဖြင့် မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီမယ့် Services တွေကို ရွေးချယ်နိုင်မှာပါ။

Cloud Computing Models

Infrastructure as a Service (IaaS)

IaaS ဟာ Cloud IT အတွက် အခြေခံအကျဆုံးအပိုင်းဖြစ်ပြီး Networking Features, Computers (Virtual or Dedicated Hardware), Data Storage Space တွေ အသုံးပြုခွင့်ပေးတာပါ။ Developers တွေ IT Departments တွေမှာ လက်ရှိအသုံးပြုနေကြတဲ့ IT Resources တွေအတိုင်း Cloud ပေါ်မှာ အသုံးပြုကြရမှာဖြစ်ပြီး ပြောင်းလွယ်ပြင်လွယ်အဖြစ်ဆုံးနှင့် Management Control ကောင်းကောင်းပြုလုပ်နိုင်မှာပါ။

Platform as a Service (PaaS)

မိမိတို့ရဲ့ Application Deployment နှင့် Management တွေမှာသာ အဓိကထား ပိုမိုအာရုံစိုက်စေပြီး Hardware နှင့် OS တွေလို Infrastructure Management ပိုင်းလိုအပ်ချက်တွေကို ဖယ်ရှားပေးမှာကတော့ PaaS ပါ။ Application တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ရာ လိုအပ်မယ့် Resource Procurement, Capacity Planning, Software Maintenance (သို့) Patching တွေအတွက် မစိုးရိမ်ရတော့မှာမို့ ပိုမိုအကျိုးရှိစေမှာပါ။

Software as a Service (SaaS)

Service Provider ကပဲ Manage လုပ်ပေးမယ့် အသင့်အသုံးပြုနိုင်မယ့် Completed Product တွေ အသုံးပြုခွင့်ပေးမှာက SaaS ပါ။ တကယ်တော့ End-user Applications တွေလို့ ပြောရမှာပါ။ Service Maintenance နှင့် Infrastructure Management တွေ ဘာမှပြုလုပ်ဖို့မလိုဘဲ Software ကို ဘယ်လိုသုံးရမလဲဆိုတာပဲ သိဖို့လိုပါတယ်။ ဥပမာ – Web-based Email လို SaaS Application တစ်ခုကို အသုံးပြုမယ့်သူဟာ Email ပို့ဖို့၊ လက်ခံတတ်ဖို့စတဲ့ အသုံးပြုဖို့ကလွဲပြီး Email Product မှာ ထပ်ထည့်မယ့် Features Management, Server and OS  Maintenance တွေ ဘာမှမလုပ်ရပါ။

Cloud Computing Deployment Models

Cloud

Cloud-based Application တွေဟာ Cloud ထဲမှာ Fully Deploy ဖြစ်ပြီး Application Parts အားလုံးဟာ Cloud ထဲမှာပဲ Run ကြပါတယ်။ Cloud Applications တွေကို Cloud ထဲမှာပဲ ဖန်တီးတာ (သို့) Cloud Computing ရဲ့ အားသာချက်တွေကြောင့် လက်ရှိ Infrastructure မှ Cloud ပေါ်သို့ရွှေ့ပြောင်းတာတွေ ရှိပါတယ်။

Hybrid

Cloud-based Resources တွေနှင့် Cloud ထဲမှာမရှိတဲ့ Resources တွေကြားမှာ Applications တွေနှင့် Infrastructure ကို ဆက်သွယ်ပေးမယ့် နည်းလမ်းတခုပါ။ တွေ့ရအများဆုံး နည်းလမ်းကတော့ Cloud Resources တွေကို Internal System နှင့် ချိတ်ဆက်အသုံးပြုတဲ့အခါ Organization Infrastructure ကို Cloud ပေါ်သို့ တိုးချဲ့ဖို့ပါ။

On-premises

Virtualization နှင့် Resource Management Tools တွေသုံးပြီး Resources Deployment ကို On-premises မှာပြုလုပ်တာကို Private Cloud လို့ ခေါ်ကြတာပါ။ On-premises Deployment ဟာ Cloud Computing လို အားသာချက်တွေမရှိပေမယ့် Dedicated Resources တွေ အသုံးပြုလို့ရစေပါတယ်။ Application Management နှင့် Virtualization Technologies တွေ အသုံးပြုပြီး Resource Utilization ကို ပိုမိုပြုလုပ်နိုင်လျင်တော့ သုံးနေကြ Legacy IT Infrastructure နှင့် အလားတူပါပဲ။