VMware Unified Endpoint Management အကြောင်းမိတ်ဆက်ခြင်း

Share this article to...

VMware ရဲ့ Unified Endpoint Management (UEM) စနစ်တစ်ခုဖြစ်တဲ့ Workspace ONE UEM နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

  • လွန်ခဲ့တဲ့ နှစ်တွေမှာ အဖွဲ့အစည်းတော်တော် များများက Mobile Device Management (MDM) စနစ်ကို အသုံးပြုခဲ့ကြပြီးဖြစ်ပါတယ်။
  • အဲဒီကနေတဆင့် Enterprise Mobility Management (EMM) စနစ်ကို ပြောင်းလဲ အသုံးပြုလာခဲ့ကြတယ်။
  • ဒီနေ့ခေတ်ရဲ့ စီးပွားရေးလိုအပ်ချက်တွေ ပြောင်းလဲလာတာနဲ့အမျှ Cross-platform မှာရှိနေတဲ့ Device မျိုးစုံကို စီမံခန့်ခွဲဖို့ Unified Endpoint Management (UEM) စနစ်တွေက ပေါ်ပြူလာဖြစ်လာပါတော့တယ်။

VMware ရဲ့ Workspace ONE UEM စနစ် က Endpoint တွေ ဖြစ်တဲ့ Mobile Device (Android, iOS) ၊ Desktop နဲ့ Laptop (Windows 10, macOS, Chrome OS) ၊ IoT Device ၊ Linux နှင့် အခြား Device တွေ အားလုံးကို Single Management Console ကနေတဆင့် ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

VMware Workspace ONE UEM  က ဘာတွေလုပ်ပေးမှာလဲဆိုရင်

  • ရုံးမှာသော်လည်းကောင်း၊ Work From Home ကြောင့် အိမ်မှာသော်လည်ကောင်း မိမိဝန်ထမ်းတွေ အသုံးပြုနေတဲ့ Laptop/Desktop/Mobile/IoT အစရှိတဲ့ Endpoint တွေအားလုံး ရဲ့ Software နှင့် Application များကို အချိန်နှင့်တပြေးညီ Up to Date လုပ်ပေးနိုင်ပါတယ်။
  • အဖွဲ့အစည်းမှ ချမှတ်ထားသော လုံခြုံမှု နည်းလမ်းများ နှင့် စည်းမျဉ်းများအတိုင်း ထို Endpoints များအားလုံး သည် Compliance ဖြစ်မဖြစ် အချိန်တိုင်း စစ်ဆေးနိုင်ပါတယ်။
  • အဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် Endpoint များအပြင် BYOD (Bring Your Own Device) ကဲ့သို့ ဝန်ထမ်းများ ပိုင်ဆိုင်သည့် Computer/Mobile/Desktop များဖြင့်လည်း အဖွဲ့အစည်း၏ လုပ်ငန်းများကို လုံခြုံစိတ်ချစွာဖြင့် အလုပ်လုပ်နိုင်မည် ဖြစ်ပါတယ်။
  • မိမိတို့ ဝန်ထမ်းများမှ Laptop/Desktop/Mobile/IoT တွေကို စတင်အသုံးပြုချိန် Onboarding လုပ်ချိန်မှ စပြီး အသုံးပြုချိန်ပြီးဆုံးသည်အထိ Lifecycle Management ကို ပြီးပြည့်စုံသည်အထိ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။
  • အသုံးပြုသူများ၏ User behavior နှင့် Device ၏သုံးစွဲမှုအခြေအနေ အစရှိသည်တို့ရဲ့ Data Analytics အသေးစိတ်ကို အချိန်တိုင်းခွဲခြမ်းစိတ်ဖြာနိုင်မည် ဖြစ်ပါသည်။
  • မိမိ ဝန်ထမ်းများ ဘယ်နေရာမှာရောက်နေနေ ဘယ် Network ကနေ တဆင့်အသုံးပြုနေနေ အဖွဲ့အစည်းပိုင် Application နှင့် အချက်အလက်များကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
  • အစိုးရအဖွဲ့အစည်း နှင့် အချက်အလက်လုံခြုံမှုကို အလေးထားတဲ့ Industry တွေအတွက် Enterprise-grade လုံခြုံမှုများကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။

 

VMware Workspace ONE UEM  စနစ် ဖြင့် လုံခြုံရေး နှင့် Compliance စစ်ဆေးပုံအဆင့်ဆင့်မှာ

(၁) Endpoint များဖြစ်တဲ့ Laptop/Desktop/Mobile/IoT အစရှိသည် Device များ၏ လုံခြုံမှုဆိုင်ရာ အားနည်းချက်များကို ရှာဖွေစစ်ဆေးသည့်လုပ်ငန်း ဆောင်ရွက်ခြင်း။

(၂) Endpoint တွေ ထဲမှ လုံခြုံမှုဆိုင်ရာ အားနည်းချက်တွေ့ရှိသည့် Device ကို သတ်မှတ်ခြင်း။

(၃) အလိုအလျောက် စနစ်ဖြင့် လုံခြုံမှုဆိုင်ရာ အားနည်းချက်ရှိနေသော Endpoint များ၏ အားနည်းချက်ကို ဖယ်ရှားခြင်းများ ဆောင်ရွက်ခြင်း။

(၄) လုံခြုံမှုဆိုင်ရာ အားနည်းချက်ရှိနေသော Endpoint များကို အဆင့်မြှင့်တင်ပေးခြင်း။

(၅) Endpoint တွေ အားလုံး၏ လုံခြုံမှု အဆင့်အတန်း ပြန်လည်သတ်မှတ်ပြီး အလုပ်လုပ်ဆောင်နိုင်သည့်အနေအထားသို့ ထားရှိပေးခြင်း။

(၆) အချိန်နှင့် တပြေးညီ Endpoint တွေ အားလုံး၏ အခြေအနေကို စောင့်ကြည့်ခြင်း တို့ဖြစ်ပါသည်။