Networking in Amazon EC2

Share this article to...

Amazon EC2 Instances တွေလို AWS Resources တွေကို Amazon Virtual Private Cloud (Amazon VPC) ထဲမှာ ထားပြီး စတင်ဖန်တီးရယူနိုင်တာတွေ ပြောခဲ့ပြီးပါပြီ။ Instance တစ်ခု စတင်ရယူတဲ့အခါ VPC ထဲမှ Subnet တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ Logical Virtual Network Card ဖြစ်တဲ့ Primary Network Interface ဖြင့်ပဲ Instance Configuration လုပ်ပါတယ်။ ရွေးချယ်ထားတဲ့ Subnet မှ IPv4 Address တစ်ခုကို Primary Private IP Address တစ်ခုအဖြစ်ရရှိပြီး Instance ရဲ့ Primary Network Interface မှာ Assign လုပ်တာပါ။

Instance အတွက် Amazon ရဲ့ Public IP Addresses Pool မှ Public IP Address တခု ယူမယ် မယူဘူးဆိုတာလည်း Control လုပ်နိုင်ပါတယ်။ Instance တစ်ခုရဲ့ Public IP Address ဟာ Instance ကို မရပ်မချင်း (သို့) မဖျက်မချင်း မပြောင်းလဲဘဲ ရှိနေမှာပါ။ အမြဲမပြောင်းလဲမယ့် Persistent Public IP Address တခုလိုအပ်လျင်တော့ Elastic IP Address တစ်ခုရယူပြီး Allocate လုပ်နိုင်ပါတယ်။ Elastic IP Address ဟာ Release မလုပ်မချင်း ရှိနေမှာဖြစ်ပြီး၊ Instance တစ်ခုမှ အခြားတစ်ခုသို့ လိုအပ်သလို ရွှေ့ပြောင်းနိုင်ပါသေးတယ်။ Network Performance ပိုမိုကောင်းမွန်ဖို့နှင့် ကြန့်ကြာမှုလျော့ကျစေဖို့အတွက်၊ Instances တွေကို Placement Group တစ်ခုထဲမှာလည်း ထားနိုင်ပါတယ်။ Enhanced Networking သုံးပြီး Higher Packet per Second (PPS) Performance ကို သိသိသာသာ ရရှိနိုင်ပါတယ်။ High Performance Computing နှင့် Machine Learning တို့လို Applications တွေကို Elastic Fabric Adapter (EFA) သုံးပြီး အရှိန်မြှင့်တင်နိုင်ပါတယ်။