Introduction to Linux

Share this article to...

အခွင့်အလမ်းကောင်းများစွာ အကောင်အထည်ပေါ်လာနိုင်မယ့် Information Technology (IT) နယ်ပယ်ကို ဝင်ရောက်နိုင်ဖို့အတွက် နည်းပညာနယ်ပယ်မျိုးစုံကို လက်တွေ့လေ့လာသင်ယူနိုင်မယ့် IAT မှာ မိမိတို့ ပိုမိုစိတ်ဝင်စားမှုရှိမယ့် သင်တန်းလေးတွေ ရွေးချယ်တက်ရောက်နိုင်တာကို အားလုံးသိပြီးသားဖြစ်မှာပါ။

Linux Professional Institute (LPI) Authorized Training Gold Partner အဖြစ် ပထမဆုံးအနေနဲ့ LPI Linux Essentials Online Course ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ မိတ်ဆက်ဖွင့်လှစ်ပေးဖြစ်ခဲ့ပါတယ်။

Linux Operating System (OS) Platform အသုံးပြုလာမှုတွေက သူနဲ့အပြိုင်ရှိခဲ့တဲ့ Windows and Mac တို့ထက် ဒီနေ့ခေတ်မှာ ပိုမိုများပြားလာနေတာမို့ Linux is Everywhere! လို့တောင် ပြောဆိုလာကြရပါတယ်။

Desktop and Laptop Computers, Web Servers, Mobile Devices (Android), Public Cloud Technology (i.e., Google, Amazon, etc), Chromebooks, and Networking (i.e., Cisco Networks) အစရှိတဲ့ နယ်ပယ်အစုံမှာ Linux OS ကို အသုံးပြုလာကြပါပြီ။

LPI ဆိုတာကတော့ ကမ္ဘာတဝှမ်းမှာ LPI အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူပေါင်း ၂သိန်းကျော်ရှိနေတဲ့ ကမ္ဘာ့ပထမဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ OS ထုတ်လုပ်သူအပေါ် မမှီခိုတဲ့ လွတ်လပ်တဲ့ Open Source အသုံးပြုလာမှုကို မြှင့်တင်ကူညီပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။

LPI Linux Essentials Course ကတော့ Linux OS အသုံးပြုပုံများကို အခြေခံမှ စတင်လေ့လာလိုသူများ၊ Linux Administrator တယောက်အဖြစ် ထပ်မံလေ့လာလိုသူများ အတွက် အခြေခံလေ့လာမှုအနေဖြင့်သာမက အခြား IT နယ်ပယ်များတွင်ပါ အသုံးဝင်လာသည့် Linux OS ကို လေ့လာသိရှိထားလိုသူများအတွက်ပါ အထူးသင့်တော်ပါတယ်။

Linux အခြေခံ မိတ်ဆက်သဘောတရားများကို အပိုင်းများခွဲပြီး မျှဝေပေးသွားပါမယ်။

Linux မိတ်ဆက်

IT နယ်ပယ်အတော်များများမှာ နေရာရယူလာနေသော အလုပ်အကိုင်ရရှိမှုအတွက်လည်း အထောက်အကူပေးနိုင်သော Linux OS ကို လေ့လာကြည့်ကြရအောင်ပါ။

Linux ဟာ Finnish ကွန်ပျူတာသိပ္ပံကျောင်းသား Linus Torvalds ရဲ့  Free OS Kernel အသစ်တခု ပေါ်ထွက်ဖို့ ကြိုးစားခဲ့တဲ့ Personal Project အနေနဲ့ ၁၉၉၁ မှာ စတင်ခဲ့ပါတယ်။ Open-source License နဲ့ဖြန့်ဝေခဲ့တဲ့ OS or Kernel လည်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ Linux ကိုဖန်တီးထားတဲ့ Source Code တွေကို Public ကို ဖြန့်ဝေခြင်း၊ အသုံးပြုသူများနှင့် ကိုက်ညီအောင်ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေနိုင်ခြင်းတို့ကို လွတ်လပ်စွာပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။  ထိုအကြောင်းကြောင့်ပဲ တီထွင်ဖန်တီးလိုသူများ၊ အသုံးပြုသူများရဲ့  လိုအပ်ချက်နဲ့ကိုက်ညီအောင် ပြောင်းလဲပြင်ဆင်နိုင်ပြီး ပိုမိုကောင်းမွန်အောင် ဖြည့်စွက်နိုင်ခြင်းများကြောင့် 600+ Linux Distributions အမျိုးကွဲပေါင်းများစွာ ပေါ်ထွက်လာနေပါတယ်။ OS ပေါ်မှာ အသုံးပြုနိုင်သော Applications များဖြစ်တဲ့ Office Suite နဲ့ Web Browser အမျိုးမျိုး စသော အသွင်ကွဲများစွာသာမက Core Components များဖြစ်တဲ့ System Display Graphics နဲ့ အခြား User Interface Components များကိုပါ ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါတယ်။ နာမည်ကြီး အသုံးများပြီး အဓိကကျတဲ့ Linux Distribution တွေကတော့ –

  • Linux Mint
  • Ubuntu
  • MX Linux
  • Arch Linux
  • Gentoo
  • Slackware Linux
  • Debian GNU/Linux
  • Fedora
  • openSUSE
  • CentOS
  • FreeBSD

တို့ပဲဖြစ်ပါတယ်။

LPI Linux Courses and Certifications များအနေနဲ့ကတော့ မည်သည့် Linux Distribution ကို အသုံးပြုသည်ဖြစ်စေ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရအောင် ပြင်ဆင်ထားတာမို့ သင်ယူလေ့လာသူများအတွက် အကျိုးရှိစေမှာအမှန်ပဲဖြစ်ပါတယ်။