Industry Uses of Linux

Share this article to...

            Software and Internet Industries တွေမှာ Linux ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ W3Techs လို Sites တွေရဲ့ စစ်တမ်းတွေအရတော့ Internet ပေါ်က Website Servers တွေရဲ့ 77.9% လောက်ဟာ Unix က နေရာယူထားတာဖြစ်ပြီး အဲ့ဒီထဲက အတော်များများကတော့ Linux ပဲဖြစ်ပါတယ်။

            အခုလိုအများအပြားက လက်ခံအသုံးပြုကြတယ်ဆိုတာ Linux ရဲ့ လွတ်လပ်မှု (ဖော်ပြခဲ့ဖူးသလို ဘီယာ အခမဲ့ နှင့် လွတ်လပ်စွာပြောဆိုမှုစတဲ့ ပုံစံနှစ်မျိုးလုံးရဲ့ လွတ်လပ်မှုကဲ့သို့)ကြောင့်သာမကဘဲ သူ့ရဲ့တည်ငြိမ်မှု၊ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် စွမ်းဆောင်ရည်တို့ကြောင့်လည်း ပါပါတယ်။ အဲ့ဒါတွေကြာင့်ပဲ ထုတ်လုပ်သူတွေရဲ့ဝန်ဆောင်မှုတွေကို ကုန်ကျစရိတ်သက်သက်သာသာဖြင့် ရောင်းချနိုင်ပြီး ထပ်မံချဲ့ထွင်ပြုပြင်နိုင်တာပါ။ ယခုအခါမှာတော့ Linux Systems အတော်များများဟာ Infrastructure as a Service (IaaS), Platform as a Service (PaaS), (or) Software as a Service (SaaS) Model တွေအဖြစ် Cloud ပေါ်မှာ အသုံးပြုနေကြပါပြီ။

            IaaS ဆိုတာ Large Server တစ်လုံးရဲ့ Resources တွေကို Virtual Machines (VMs) တွေအတွက် အသုံးပြုခွင့်ပေးတာပါ။ VMs တွေကတော့ Hypervisor Software အသုံးပြုထားတဲ့ Host Machine (Server) တစ်လုံးပေါ်မှာ အမျိုးမျိုးသော OS တွေဟာ Guests တွေအဖြစ် Run နေကြတဲ့ Machines တွေပါပဲ။ Host Machine ပေါ်မှာ VMs တွေသီးခြားစီ Run နိုင်ဖို့၊ Resources တွေကို စီမံခန့်ခွဲဖို့တွေဟာ Hypervisor ရဲ့တာဝန်ပါ။ အဲ့ဒါကို Virtualization လို့ခေါ်ပါတယ်။ IaaS Model မှာ မိမိတို့ရွေးချယ်လိုက်တဲ့ Infrastructure မှာ အသုံးပြုလိုက်တဲ့ Resources တွေအတွက်ပဲ ကျသင့်သလောက်ပေးချေရမှာပါ။

            Linux မှာ အသုံးများကျော်ကြားတဲ့ Open Source Hypervisors ၃ခုကတော့ Xen, Kernel-Based Virtual Machine (KVM) and VirtualBox တို့ပါ။ သူတို့ထဲမှာ Xen ကတော့ အရင်ဆုံးပေါ်ထွက်ခဲ့တာပါ။ KVM ဟာ အထင်ရှားဆုံး Linux Hypervisor အဖြစ် Xen ထက်သာလွန်ခဲ့ပါတယ်။ KVM ရဲ့ တီထွင်ဖန်တီးမှုတွေကို Red Hat မှ အားဖြည့်ပံ့ပိုးပေးထားပြီး Public Cloud Services နှင့် Private Cloud Setups တွေမှာ Red Hat အပါအဝင် အခြား Players များစွာမှလည်း အသုံးပြုကြပါတယ်။ VirtualBox ကိုတော့ Sun Microsystems မှ ပြန်လည်ရယူခဲ့တဲ့ Oracle မှပိုင်ဆိုင်ပြီး အသုံးပြုရတာ စီမံထိန်သိမ်းရတာ လွယ်ကူတာကြောင့် End Users တွေက အသုံးပြုလေ့ရှိကြပါတယ်။

            အခြားတစ်ဘက်မှာတော့ PaaS နှင့် SaaS တို့ဟာ  IaaS Model ပေါ်မှာ Technically နှင့် Conceptually အရ တည်ဆောက်ထားပါတယ်။ PaaS မှာ VM တွေအစား အသုံးပြုသူတွေဟာ သူတို့ရဲ့ Applications တွေ စတင်ဖို့ အသုံးပြုနိုင်ဖို့ Platform ကို အသုံးပြုခွင့်ရမှာပါ။ System Administration Tasks တွေနှင့် OS Updates ပြုလုပ်ရတာတွေကို လျော့ကျသက်သာစေပါတယ်။ ဥပမာ – HeroKu ဟာ PaaS တမျိုးဖြစ်ပြီး Containers တွေ Virtual Machines တွေအတွက် စိတ်မပူရဘဲ Program Code တွေကို Run နိုင်မှာမျိုးပါ။

            နောက်ဆုံးအနေဖြင့်ဖော်ပြရလျင်တော့ SaaS Model ဟာ Software အသုံးပြုနိုင်ဖို့ကလွဲပြီး အခြားမည်သည်ကိုမျှ မစိုးရိမ်ရဘဲ Subscription Fees ပေးသွင်းရုံဖြင့် အသုံးပြုနိုင်တာပါ။ Dropbox နှင့် Salesforce တို့ဟာ SaaS ရဲ့ ဥပမာကောင်းတွေပါ။ ဒီလို Services အများစုကို Web Browser မှတဆင့် အသုံးပြုနိုင်ပါတယ်။

            OpenStack လို Project ဟာ ကိုယ်ပိုင် Datacenter မှ Computer Cluster ရဲ့ Power တွေကို စုစည်းအသုံးပြုပြီး ပြည့်စုံတဲ့ IaaS Cloud Environment မျိုးကို ကိုယ်ပိုင်နေရာ On Premise မှာပဲ ဖန်တီးနိုင်ဖို့ Hypervisors အမျိုးမျိုးနှင့် အခြား Tools တွေအသုံးပြုနိုင်ဖို့ ပေါင်းစပ်ထားတဲ့ Open Source Software ပေါင်းစည်းမှုတစ်ခုပါပဲ။ သို့သော်လည်း အဲ့ဒီလို Infrastructure မျိုး Setup လုပ်ဖို့ကတော့ မလွယ်ကူလှပါဘူး။