Connecting to Amazon EC2 Linux Instance from Windows OS

Share this article to...

Hands-on Lab လေးတွေအနေဖြင့် EC2 Linux Instance လေးတစ်ခု စတင်ဖန်တီး Launch လုပ်တာ၊ EC2 Instance Connect အသုံးပြုပြီး Connect ပြုလုပ်တာ၊ ပြီးတဲ့နောက် ပြန်ဖျက်ဖို့ Clean up (or) Terminate Instance ပြုလုပ်တာတွေကို ပြီးခဲ့တဲ့ Video (https://youtu.be/UvVDzgSIjB8) မှာ ပြောပြခဲ့ပြီးပါပြီ။

Mac (or) Linux OS မှ EC2 Instance ကို SSH အသုံးပြုပြီး Key Pair (Public Key & Private Key) ဖြင့် Connect လုပ်သွားပုံကိုလည်း ဒီ Video (https://youtu.be/0EA6WxoUcXw) လေးမှာ ပြောပြခဲ့ပါတယ်။

အခုတပတ်မှာတော့ EC2 Instance လေးကို Windows OS မှ SSH Client Application လေးတစ်ခုဖြစ်တဲ့ Putty အသုံးပြုပြီး Connect လုပ်သွားပါမယ်။

အရင်ဖော်ပြခဲ့ဖူးသလိုပဲ EC2 Instance တစ်ခု Launch လုပ်စဥ်မှာ Create လုပ်ခဲ့၊ Download လုပ်ခဲ့တဲ့ မိမိတို့ဘက် (Mac, Linux or Windows Host) မှာ ရှိနေမယ့် Private Key File ကို အသုံးပြုပြီး AWS – EC2 Instance ဘက်မှာ ရှိနေမယ့် Public Key ဖြင့် ယှဥ်တွဲချိတ်ဆက်မှာပါ။ Connect ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်ပါ Video မှာ ပြောပြထားပါတယ်နော်။

https://youtu.be/qemd55qro6U