Cloud Computing Services

Share this article to...

Cloud Computing ဆိုတာ IT Resources တွေကို Internet မှတဆင့် လိုအပ်တဲ့အချိန်မှာ အသုံးပြုသလောက်သာ ပေးချေရမယ့် Pay-as-you-go Pricing ပုံစံဖြင့် အသုံးပြုတာပါပဲ။ Physical Data Centers တွေ၊ Servers တွေကို ကိုယ်ပိုင်ဝယ်ယူပြင်ဆင်တာ၊ ပြုပြင်ထိန်းသိမ်းတာတွေပြုလုပ်မည့်အစား Computing Power, Storage, Databases တွေလို Technology Services တွေကို Amazon Web Services လို Cloud Provider တွေဆီမှ လိုအပ်တဲ့အချိန်မှ လိုအပ်တာကို ရယူအသုံးပြုနိုင်မှာမျိုးပါ။ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိတဲ့ Organizations တွေ Industries တွေဟာ Data Backup, Disaster Recovery, Email, Virtual Desktops, Software Development and Testing, Big Data Analytics, Customer-Facing Web Applications စတဲ့ အသွင်အမျိုးမျိုးဖြင့် Cloud Services တွေ ရယူအသုံးပြုနေကြတာပါ။

ဥပမာ – Healthcare Companies တွေဟာ လူနာတစ်ဦးချင်းစီနှင့် ပိုမိုသက်ဆိုင် အသေးစိတ်ကျတဲ့ ကုသမှုတွေ ဖန်တီးနိုင်ဖို့ Cloud နည်းပညာအသုံးပြုနေကြပါပြီ။

Financial Services Companies တွေလည်း Real-time Fraud Detection and Prevention တွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ Cloud ကို အသုံးပြုကြပါတယ်။

Video Game Makers တွေဟာလည်း ကမ္ဘာတလွှားမှ Players သန်းပေါင်းများစွာအတွက် Online Games တွေ ရောက်ရှိပေးပို့နိုင်ဖို့ရာ Cloud ပေါ်မှပဲ လုပ်ဆောင်ကြတာပါ။

Cloud Computing နှင့်အတူ မိမိတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေ ပိုမိုမြန်ဆန်စွာ လှုပ်ရှားသက်ဝင်လာနိုင်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်မှာ၊ အမြန်ချက်ချင်း တိုးချဲ့နိုင်မှာ၊ ကမ္ဘာတဝှမ်းကို မိနစ်ပိုင်းအတွင်း အမြန်ဖြန့်ချီရောက်ရှိနိုင်မှာပါ။ Cloud Computing ကြောင့် ကျယ်ပြန့်တဲ့ နည်းပညာနယ်ပယ်ထဲသို့ လျင်လျင်မြန်မြန်ရောက်ရှိနိုင်ပြီး တီထွင်ဖန်တီးမှုတွေကို အရှိန်အဟုန်ဖြင့် ပြုလုပ်နိုင်မှာပါ။ Compute, Storage and Databases တို့လို Infrastructure Services တွေမှစပြီး Internet of Things, Machine Learning, Data Analytics စတဲ့ မိမိတို့စိတ်ကူးရည်မှန်းထားသမျှ နည်းပညာအားလုံးနီးပါးကို Cloud ပေါ်မှာ တည်ဆောက်နိုင်မှာပါ။ မိနစ်ပိုင်းတွေအတွင်းမှာပဲ စိတ်ကူးမှ လက်တွေ့ဖန်တီးမှုဆီသို့ ပြောင်းလဲပြီး ယခင်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာဖြင့် Technology Services တွေကို ဖန်တီးဖြန့်ဝေနိုင်မှာပါ။ Customer တွေအတွက် သက်ရောက်မှုမရှိစေဘဲ စိတ်ကူးအသစ်တွေကို လွတ်လပ်စွာ စမ်းသပ်နိုင်မှာဖြစ်ပြီး၊ Machine Learning and Intelligence တို့လို နည်းပညာတွေကို မိမိတို့ရဲ့  Applications တွေမှာ ထပ်မံဖြည့်စွက်ပြီး၊ Customer တစ်ဦးချင်းစီနှင့်သာ သက်ဆိုင်တဲ့ ပိုမိုကောင်းမွန်တဲ့ Services တွေပေးပြီး Business ကို အသွင်ပြောင်းနိုင်မှာပါ။ အသုံးမပြုနေတာတွေအတွက် အပိုပေးနေရတာ၊ Hardware ပိုင်းတွေမှာ အများအပြားကြိုတင်ရင်းနှီးမြှုပ်နှံထားရတာတွေ မရှိစေဘဲ အခြားသော အမှန်တကယ် လိုအပ်မယ့် အရာတွေအတွက် ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်မှာဖြစ်ပြီး အသုံးပြုသလောက်သာပေးချေကြရမှာပါ။

Cloud ပေါ်မှ IT Resources တွေကို လိုအပ်တဲ့အခါ အချိန်နှင့်တပြေးညီ ရယူနိုင်မှာပါ။ လုပ်ငန်းလိုအပ်ချက်နှင့်အညီ အဲ့ဒီ Resources တွေကို ထပ်တိုးတာ၊ လျှော့ချတာ၊ လုပ်ဆောင်နိုင်မှုတွေကို တိုးချဲ့တာ၊ ပြန်လျှော့တာတွေကို ချက်ချင်းပြုလုပ်နိုင်ပါတယ်။ Cloud Computing ဟာ Business တွေကို Regions အသစ်တွေဆီသို့ အလွယ်တကူချဲ့ထွင်နိုင်စေပြီး မိနစ်ပိုင်းအတွင်းမှာပဲ စတင်နိုင်စေမှာပါ။ ဥပမာ – Amazon Web Services ဟာ ကမ္ဘာတလွှားမှာ Infrastructure ရှိနေတာကြောင့် မိမိတို့ရဲ့ Application တွေကို Multiple Physical Locations တွေမှာ Clicks အနည်းငယ်ပြုလုပ်ရုံမျှဖြင့် ဖြန့်ဝေနိုင်မှာမျိုးပါ။ Applications တွေကို ရယူအသုံးပြုမယ့်သူတွေရဲ့ နေရာအနီးအနားမှာ ထားရှိတာဟာလည်း ကြန့်ကြာမှုတွေကိုလျော့ကျစေနိုင်ပြီး ပိုမိုအသုံးပြုစေနိုင်မှာပါ။ မည်သည့်နေရာမှာပဲရှိသည်ဖြစ်စေ၊ မည်သည့်အရွယ်အစား၊ မည်သည့် Industry ပင်ဖြစ်စေ Cloud နည်းပညာဟာ Infrastructure and Data Centers တွေကို စီမံထိန်းသိမ်းရခြင်းတွေမှ ကင်းဝေးစေပြီး မိမိတို့ရဲ့ Business တွေပေါ်မှာပဲ ပိုမိုအာရုံစိုက်နိုင်စေမှာပါ။