AWS Storage

Share this article to...

Amazon EC2 ဟာ Instances တွေအတွက် ပြောင်းလွယ်ပြင်လွယ်ပြီး ကုန်ကျစရိတ်သက်သက်သာသာဖြင့် အလွယ်တကူသုံးနိုင်မယ့် Data Storage Options တွေ ပေးပါတယ်။ Option တစ်ခုစီမှာ မတူညီတဲ့  လုပ်ဆောင်နိုင်မှုတွေ၊ ကြာရှည်ခံမှုတွေ ရှိပါတယ်။ မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီဖို့ Storage Options တွေ ပေါင်းစပ်အသုံးပြုတာ (သို့) လွတ်လပ်စွာ သီးခြားစီ အသုံးပြုတာတွေ ပြုလုပ်နိုင်တာပါ။

Storage Options

(1) Amazon Elastic Block Store (EBS)  

လက်ရှိအသုံးပြုနေတဲ့ Running Instance မှာ တွဲသုံးနိုင်တဲ့ ကြာရှည်အသုံးပြုလို့ရတဲ့ Durable, Block-level Storage Volumes ဖြစ်ပြီး မကြာခဏ Update ပြုလုပ်ဖို့လိုတဲ့ Data တွေအတွက် Primary Storage Device အနေဖြင့် သုံးနိုင်ပါတယ်။ ဥပမာ – Instance တခုပေါ်မှာ Database အသုံးပြုလိုတဲ့အခါ Amazon EBS ဟာ Recommended Storage Option ပါ။ EBS Volume ဟာ Raw, Unformatted, External Block Device ပုံစံမျိုးဖြစ်ပြီး Instance ရဲ့ Running Life ဖြင့် မဆက်စပ်ဘဲ သီးခြားတည်ရှိနေမှာမျိုးပါ။ အခြား Physical Hard Drive တခုလိုမျိုး အသုံးပြုနိုင်ပါတယ်။ ပုံမှာပြထားသလို Instance တခုမှာ Volumes တခုထက်ပိုပြီး တွဲသုံးနိုင်တာပါ။ Instance တခုမှ အခြားတခုသို့လည်း ရွှေ့ပြောင်းသုံးနိုင်ပါသေးတယ်။ EBS Encryption Feature သုံးပြီး Encrypted Volumes အဖြစ်လည်း ဖန်တီးနိုင်ပါတယ်။ Data Backup Copy အတွက် Amazon S3 မှာ သိမ်းမယ့် Snapshot တခု ဖန်တီးနိုင်ပြီး အဲ့ဒီ Snapshot မှတဖန် EBS Volume တခု ပြန်လည်ရယူကာ အခြား Instance တခုမှာ တွဲသုံးနိုင်မှာပါ။

(2) Amazon EC2 Instance Store 

Instances တွေဟာ Host Computer နှင့် တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Instance Store လို့ခေါ်တဲ့ Disk Storage တွေကို Access လုပ်နိုင်ကြပါတယ်။ Instance Store ဆိုတာ Instances တွေအတွက် ယာယီ Block-level Storage တွေပါ။ Instance Store Volume မှာ သိမ်းထားတဲ့ Data တွေဟာ အဲ့ဒီ့ Instance တည်ရှိနေသမျှအချိန်ကာလအတွင်းသာ တည်မြဲမှာပါ။ Instance ကို ရပ်လိုက်တာ၊ (သို့) ဖျက်လိုက်တာ ဆိုလျင်တော့ Instance Store Volumes မှာ သိမ်းထားတဲ့ Data တွေပါ ပျောက်ဆုံးသွားပါတယ်။

(3) Amazon EFS File System     

Amazon EC2 အတွက် Scalable File Storage ပါ။ EFS File System တခုဖန်တီးပြီး Instance မှာ Mount လုပ်ပြီးသုံးနိုင်မှာပါ။ Instances များစွာမှာ Run နေတဲ့ Applications တွေ၊ Workloads တွေအတွက် Common Data Source အဖြစ် သုံးနိုင်ပါတယ်။

(4) Amazon S3    

ယုံကြည်စိတ်ချရပြီး ကုန်ကျစရိတ်လည်းသိပ်မများတဲ့ Data Storage Infrastructure ပါ။ Amazon EC2 မှဖြစ်ဖြစ်၊ Web ပေါ်မှဖြစ်ဖြစ် အချိန်မရွေး၊ Data ပမာဏမရွေး သိမ်းနိုင်၊ ပြန်လည်ရယူနိုင်မယ့် Web-scale Computing ကို ပိုမိုလွယ်ကူစေဖို့ ဒီဇိုင်းပြုလုပ်ထားတာပါ။ ဥပမာ – Data နှင့် Applications တွေရဲ့ Backup Copies တွေသိမ်းဆည်းဖို့ Amazon S3 ကို သုံးနိုင်ပါတယ်။ Amazon EC2 ဟာ EBS Snapshots တွေနှင့် Instance Store-backed AMIs တွေသိမ်းဖို့အတွက် Amazon S3 ကိုပဲ အသုံးပြုပါတယ်။