AWS Pricing Overview

Share this article to...

AWS ဟာ Global Compute, Storage, Database, Analytics, Application, နှင့် Deployment Services တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပြီး Business လုပ်ငန်းတွေပိုမိုမြန်ဆန်စေဖို့၊ IT Costs တွေ လျှော့ချဖို့၊ Global Scale ဖြင့်ရောက်ရှိနိုင်ဖို့တွေအတွက် ကူညီပေးပါတယ်။ Cloud Services အသုံးပြုခြင်းရဲ့ အဓိကကျတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုက အချိန်နှင့်အမျှပြောင်းလဲနေတဲ့ လိုအပ်ချက်တွေအတွက်တောင်မှ ကိုက်ညီမှုရှိမယ့် ကုန်ကျစရိတ်ပိုမိုသက်သာစေတာပါ။

Compute Power, Database Storage, Content Delivery, (သို့) အခြား မည်သည့် Functions တွေအတွက်မဆို ရှုပ်ထွေးတဲ့ Licensing တွေလည်း မလုပ်ရဘဲ မိမိတို့လိုအပ်တဲ့ Service တခုချင်းစီအတွက် အသုံးပြုသလောက်အချိန်အတွက်သာ ပေးချေဖို့လိုတာပါ။ AWS ဟာ Cloud Services ပေါင်း ၂၀၀ ကျော်အတွက် Pricing Models အမျိုးမျိုးပေးပါတယ်။ AWS Pricing တွက်ပုံဟာ ရေမီတာ၊ လျှပ်စစ်မီးမီတာတွေအတွက် ပေးချေကြရပုံတွေနှင့် ဆင်တူပါပဲ။ အသုံးပြုတဲ့ Services တွေအတွက်ပဲ ပေးချေရမှာဖြစ်ပြီး၊ အသုံးပြုတာ ရပ်လိုက်တာနှင့် အပိုကုန်ကျတာ (သို့) ရပ်လိုက်တဲ့အတွက် Termination Fees ပေးရတာမျိုးတွေ မရှိပါဘူး။

How do you pay for AWS?

Pay-as-you-go

 ပြောင်းလဲတတ်တဲ့ လုပ်ငန်းသဘာဝနှင့် လိုက်လျောညီထွေဖြစ်ဖို့နှင့် ခန့်မှန်းကုန်ကျငွေထက် ကျော်လွန်တာတွေမဖြစ်စေဘဲ ပြောင်းလဲလေ့ရှိတဲ့ Business လိုအပ်ချက်တွေကို လွယ်လွယ်ကူကူ လိုက်ပါပြောင်းလဲနိုင်ဖို့ရာ သုံးသလောက်ပေးပုံစံဖြင့် အဆင်ပြေမှာပါ။ Pay-as-You-Go Model ဖြင့်ဆိုပါက Resources တွေ အပိုရယူထားမိတာ (သို့) လျှော့ယူထားမိတာမျိုးလို မရေရာတာတွေ လျော့ကျသွားပြီး ကြိုတင်ခန့်မှန်းဖို့မလိုဘဲ လိုအပ်ချက်ပေါ်လိုက်ပြီး Business လုပ်ငန်းများကို လိုက်ပါပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။

Save when you commit

AWS Compute နှင့် AWS Machine Learning Services တွေအတွက် Savings Plans တွေဟာ On-Demand ထက် ကုန်ကျစရိတ် ပိုမိုသက်သာစေပါတယ်။ တစ်နှစ် (သို့) သုံးနှစ်တာကာလအတွက် ကြိုယူထားလို့ရမယ့် Services တွေ (သို့) ပမာဏတခု (တနာရီစာ ကျသင့်ငွေ $/hour ဖြင့် တွက်ချက်သော) အတွက် သုံးဖြစ်မယ့် Services တွေအတွက် Savings Plans ဖြင့် ပိုအဆင်ပြေမှာပါ။

Pay less by using more

ပမာဏများများအသုံးပြုလေလေ ကုန်ကျစရိတ်ပိုမိုသက်သာလေပုံစံပါ။ S3 လို Storage Services တွေအတွက် ပိုသုံးလေ (ပမာဏများများသိမ်းလျင်) 1 GB စာ Data သိမ်းဆည်းမှုတွေတိုင်းအတွက် လျော့ပေးရလေမျိုး ဖြစ်မယ့် Tiered Pricing ဖြစ်မှာပါ။ AWS မှာ Business လိုအပ်ချက်တွေနှင့် ကိုက်ညီတဲ့ Services တွေ ရယူနိုင်ဖို့ နည်းလမ်းများစွာလည်း ပေးထားပါတယ်။