Amazon Web Services (AWS) – Cloud Computing Services မိတ်ဆက်

Share this article to...

Cloud Computing နယ်ပယ်မှာ ၂၀၀၆ ခုနှစ်လောက်မှာတည်းက ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ Amazon Web Services (AWS) ဟာ လုံခြုံစိတ်ချရတဲ့ လျင်မြန်တဲ့ ဆန်းသစ်တီထွင်မှုတွေနှင့် Cloud Infrastructure တွေကို အမြဲဖန်တီးပေးလျက်ရှိနေတာပါ။ ကမ္ဘာတဝှမ်းမှ အသုံးပြုသူ သန်းပေါင်းများစွာရဲ့ အချက်အလက်တွေအတွက် ကာကွယ်ပေးနိုင်ဖို့ရာလည်း အဆက်မပြတ်စီစဥ်ဆောင်ရွက်ပါတယ်။ ကမ္ဘာပေါ်ရှိ မတူညီတဲ့ Geographic Regions (၂၆) ခုအတွင်းမှာ Availability Zones (AZ) ပေါင်း (၈၄) ခုအထိ ချဲ့ထွင်ထားလျက်ရှိပြီး နောက်ထပ် Regions (၈) ခုအတွင်း Availability Zones (၂၄) ခုအထိ ထပ်မံတိုးချဲ့ဖို့ အစီစဥ်တွေလည်း ကြေညာထားပါတယ်။ အဲ့ဒီလို Regions အများအပြားမှာ Availability Zones များစွာရှိနေတာမို့ Physically အရ သီးခြားတနေရာစီမှာ ရှိနေမှာပေမယ့် ကြန့်ကြာမှုနည်းနည်း၊ ရလဒ်ကောင်းကောင်းအပြင်၊ အထပ်ထပ် ချိတ်ဆက်မှုတွေကြောင့် အဆက်အသွယ်ပြတ်တောက်မှု မရှိစေဘဲ ကမ္ဘာတလွှားမည်သည့်နေရာမှမဆို AWS Services တွေ ရယူအသုံးပြုဖို့၊ ဖန်တီးတည်ဆောက်ဖို့ လွယ်ကူအဆင်ပြေစေမှာပါ။  

Cloud Infrastructure တွေနှင့် Platform Services တွေအတွက် ထုတ်ပြန်ထားတဲ့ Gartner ရဲ့  ၂၀၂၁ ဇူလိုင်လ စစ်တမ်းအရလည်း ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိနေတာတွေ့ရပါတယ်။

သုံးသလောက်ပေး (Pay-as-you-go Pricing) ပုံစံဖြင့် မိမိတို့ အသုံးပြုလိုတဲ့ မည်သည့် Applications အတွက်မဆို၊ Technologies အတွက်မဆို၊ Internet မှတဆင့် အမြန်ချက်ချင်းရယူ အသုံးပြုနိုင်မှာမျိုးပါ။ အခြား Cloud Providers တွေထက် သာလွန်မြန်ဆန်တဲ့၊ ပိုမိုကောင်းမွန်တဲ့ Services တွေ ရယူနိုင်တာမို့လည်း ကမ္ဘာတဝှမ်း အသုံးပြုသူအများအပြားရှိနေတာပါ။ Infrastructure Technologies တွေဖြစ်တဲ့ Compute, Storage, နှင့် Databases တွေမှစပြီး Machine Learning, Artificial Intelligence, Data Lakes, Analytics နှင့် Internet of Things တို့လို နည်းပညာတွေအားလုံး AWS Cloud ပေါ်မှာ မြန်မြန်ဆန်ဆန်ပဲ တည်ဆောက်ဖန်တီးရယူနိုင်ပါတယ်။ AWS ပေါ်မှာ နည်းပညာအသစ်တွေ စမ်းသပ်တာ၊ လေ့လာဖန်တီးတာတွေဟာ အလုပ်အတွက် မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်မှုလို့ ပြောလို့ရမှာပါ။ ဥပမာ – AWS မှာ Databases အမျိုးမျိုး ဖန်တီးနိုင်တာမို့ မတူညီတဲ့ Applications တွေအတွက် သီးခြားစီရည်ရွယ်တည်ဆောက်နိုင်မှာမျိုးပါ။ AWS Lambda ပေါ်ထွက်လာမှုကြောင့် Developers တွေကို Servers တွေရယူ စီမံရတာမျိုးတွေ မလိုအပ်ဘဲ Code တွေ Run နိုင်ဖို့ ဖန်တီးပေးတဲ့ Serverless Computing Space မှာ ဦးစီးရှေ့ဆောင်ဖြစ်ခဲ့ပါတယ်။ အတွေ့အကြုံမလိုဘဲ Machine Learning ကို အသုံးပြုနိုင်စေဖို့ Developers တွေနှင့် Scientists တွေအတွက်လည်း အားဖြည့်ပေးမယ့် Fully Managed Machine Learning Service တခုဖြစ်တဲ့ Amazon SageMaker Platform ကိုလည်း တည်ဆောက်ထားပေးပါတယ်။

AWS အကြောင်း ပိုမိုလေ့လာသိရှိနိုင်ဖို့ AWS ရဲ့  Smile Logo လေးနှင့်အတူ နောက်တပတ်မှာ ပြန်ဆုံပါဦးမယ်နော်။

Ref.

https://aws.amazon.com/about-aws/global-infrastructure/

https://www.gartner.com/doc/reprints?id=1-271OE4VR&ct=210802&st=sb&refid=ps_a134p0000078pqyaau&trkcampaign=acq_paid_search_brand