2.3 Using Directories and Listing Files: Home Directories

Share this article to...

Introduction

            Unix OS တွေကို Mainframe Computers တွေအတွက် ၁၉၆၀ ကျော် နှစ်လည်ပိုင်းတွေမှာ စတင်ဒီဇိုင်းပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ System Resources တွေကို Access ပြုလုပ် အသုံးပြုမယ့်သူတွေဟာ ဒီကွန်ပျူတာတွေကို Terminals တွေမှတဆင့် မျှဝေအသုံးပြုခဲ့ကြတာပါ။ အဲ့ဒီအခြေခံစိတ်ကူးတွေဟာ ဒီနေ့အသုံးပြုနေကြတဲ့ Linux Systems တွေဆီကို ယူဆောင်လာပါတယ်။ Shell ထဲမှာ Commands တွေကို ရိုက်ထည့်အသုံးပြုဖို့ရာ “Terminals” တွေ အသုံးပြုကြတာကို ပြောဖြစ်နေကြဆဲဖြစ်ပြီး Single System တစ်ခုပေါ်မှာ Users များစွာ ဖန်တီးဖို့ ပိုမိုလွယ်ကူစေတဲ့ နည်းလမ်းဖြင့် Linux System တိုင်းကို ဖွဲ့စည်းတည်ဆောက်ထားတာပါ။

Home Directories

            Normal Linux File System တစ်ခုရဲ့  ဥပမာကတော့ ဒီလိုပါ။

            ဒီ Directories တွေ အများစုကတော့ Linux Systems တွေအားလုံးမှာ တသမတ်တည်း တူညီတတ်ကြပါတယ်။ Servers တွေမှ Supercomputers တွေနှင့် Embedded Systems လေးတွေအထိ ls Command File ကို /bin Directory ထဲမှာ ရှာတွေ့နိုင်မှာ၊ /etc Directory ထဲမှာရှိတဲ့ System Configuration Files တွေကို ပြုပြင်ပြောင်းလဲနိုင်မှာ၊ /var Directory ထဲမှာ System Logs တွေကို ဖတ်နိုင်မှာတွေအတွက် အတွေ့အကြုံရှိတဲ့ Linux User တစ်ယောက်ဟာ ယုံကြည်မှုထားနိုင်ပါတယ်။ ဒီဖိုင်တွေ၊ Directories တွေရဲ့ Standard Location ကို Filesystem Hierarchy Standard (FHS) မှ သတ်မှတ်ပေးထားတာပါ။ အဲ့ဒီအကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပါမယ်။ Linux ကို ဆက်လက်လေ့လာသွားတာနှင့်အမျှ ဒီ Directories တွေထဲမှာ ပါဝင်တဲ့ Contents တွေကို သိရှိလာမှာပါ။ အခုတော့ ဒီအချက်လေးတွေပဲ မှတ်ထားကြရအောင်။

  • Root Filesystem ထဲမှာ ပြုလုပ်လိုက်တဲ့ အပြောင်းအလဲတွေဟာ Users အားလုံးအတွက် သက်ရောက်မှုရှိတာ
  • အဲ့ဒီလိုပြောင်းလဲဖို့ရာ Administrator Permissions တွေလိုအပ်တာ

ဆိုလိုတာကတော့ သာမန်အသုံးပြုသူတွေ Normal Users တွေကို ဒီဖိုင်တွေကိုပြုပြင်ခြင်းမှ တားမြစ်တာ၊ ဖတ်ဖို့တောင် ခွင့်မပြုတာတွေ ရှိနိုင်မှာပါ။ Permissions တွေ အကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ပြောပြပါမယ်။

အခုတော့ အတော်လေး အကျွမ်းတဝင်ရှိသင့်တဲ့ /home Directory ကိုပဲ ကြည့်ကြပါမယ်။

ဒီမှာအသုံးပြုမယ့် Example System မှာ Normal Users တွေအဖြစ် ၃ ဦးပါဝင်မှာဖြစ်ပြီး တစ်ဦးစီမှာ အချင်းချင်းအနှောင့်အယှက်မဖြစ်ဘဲ ဖိုင်တွေနှင့် Directories တွေကို ဖန်တီးနိုင်၊ ပြုပြင်ပြောင်းလဲနိုင်မယ့် ကိုယ်ပိုင်သီးခြားနေရာလေးတွေ ကိုယ်ပိုင်အိမ်လေးတွေ ရှိကြမှာပါ။ ဥပမာ – ပြီးခဲ့တဲ့သင်ခန်းစာမှာ အောက်ပါ File Structure ဖြင့် အလုပ်လုပ်နေခဲ့ကြပါတယ်။

အမှန်တကယ်ရှိနေမယ့် Filesystem ကတော့ အခုလိုဖြစ်ပြီး lara ဆိုတဲ့ User အတွက်လည်း အလားတူဖြစ်မှာပါ။

            Linux မှာရှိတဲ့ /home Directory ဟာ Building တစ်ခုရဲ့ Apartment တစ်ခုနှင့် ဆင်တူပါတယ်။ Users တွေအတွက် သီးခြား Apartments တွေလို ကိုယ်ပိုင်နေရာတွေ ရှိနေမှာပါ။ Building အသုံးပြုဖို့နှင့် ထိန်းသိမ်းပြုပြင်ဖို့အတွက်တော့ Root User ရဲ့ တာဝန်ပါ။