2.3 Using Directories and Listing Files: Files and Directories

Share this article to...

Files and Directories

            Linux Filesystem ဟာ Files နှင့် Directories တွေ ပါဝင်ဖွဲ့စည်းထားတတ်တဲ့ အခြားသော Operating System တွေရဲ့  Filesystem တွေနှင့် အတူတူပါပဲ။ Files တွေမှာ လူတွေဖတ်နိုင် နားလည်နိုင်တဲ့ Human-readable Text တွေ၊ ကွန်ပျူတာတွေမှ အသုံးပြုတဲ့ Run တဲ့ Binary Data (or) Executable Programs တွေ စတဲ့ အချက်အလက် Data တွေ ပါဝင်ပါတယ်။ Directories တွေကိုတော့ Filesystem ထဲမှာ ဖိုင်တွေစုစည်းဖို့ Organization ပြုလုပ်ဖို့ အသုံးပြုတာပါ။ Directories တွေမှာ Files တွေနှင့် အခြားသော Directories တွေ ပါဝင်နိုင်ပါတယ်။

            ဒီဥပမာမှာ Documents ဟာ Directory တစ်ခုဖြစ်ပြီး Mission-Statement.txt ဆိုတဲ့ ဖိုင်တဖိုင်နှင့် (Reports) ဆိုတဲ့ Directory အခွဲတခု (Subdirectory) တခု ပါဝင်ကြပါတယ်။ Reports Directory မှာ report2018.txt ဆိုတဲ့ ဖိုင်တဖိုင်ထပ်မံပါဝင်နေပါတယ်။ Documents Directory ကို Reports Directory ရဲ့ Parent Directory လို့ ပြောရမှာပါ။

Tip: tree Command အသုံးပြု၍မရပါက မိမိရဲ့ Linux Distribution Package Manager ဖြင့် Install ပြုလုပ်ထည့်သွင်းပါ။ Install ပြုလုပ်ပုံကို Package Management Lesson မှာ ပြန်လည်လေ့လာနိုင်ပါတယ်။

File and Directory Names

            Linux File နှင့် Directory Names တွေမှာ စာလုံးအကြီးအသေးတွေ၊ နံပါတ်တွေ၊ Spaces တွေ၊ Special Characters တွေ ပါဝင်နိုင်ပါတယ်။ သို့ပေမယ့် Special Characters များစွာဟာ Linux Shell မှာ Special Meaning တွေရှိတတ်တာမို့ Files နှင့် Directories တွေ အမည်ပေးတဲ့အခါ Spaces (သို့) Special Characters တွေ မသုံးတာတော့ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ဥပမာ Spaces သုံးမည်ဆိုလျင် Escape Character (\) ကိုပါ မှန်မှန်ကန်ကန် ထည့်သွင်းအသုံးပြုဖို့ လိုအပ်ပါမယ်။

            report2018.txt ဆိုတဲ့ Filename လေးကိုလည်း ပြန်ကြည့်ကြရအောင်နော်။ Filenames တွေမှာ Period (.) ရဲ့နောက်မှာ လာတတ်တဲ့ Suffix လေးတစ်ခုပါဝင်နိုင်ပါတယ်။ Windows နှင့် မတူတာကတော့ Linux မှာ အဲ့ဒီ Suffix (File Extension) ဟာ ထူးထူးခြားခြားအဓိပ္ပါယ်မရှိနေဘဲ အသုံးပြုသူတွေအတွက်သာ သိစေချင်ရုံပါ။ ဒီဥပမာလေးမှာပါတဲ့ .txt ဟာ နည်းပညာအရ မည်သည့်အချက်အလက်အမျိုးအစားမဆို ပါဝင်နိုင်ပေမယ့် Plaintext File လေးတဖိုင်ပါလို့ ဖော်ပြနေပါတယ်။