2.2 Using the Command Line to Get Help: Locating Files

Share this article to...

The locate Command

            Linux System ကို Directories နှင့် Files တွေ များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ System ထဲမှာ ဖိုင်တဖိုင်ကို ရှာဖို့ရာ Tools အများအပြားလည်း ရှိပါတယ်။ အမြန်ဆုံးရှာပေးနိုင်တာတစ်ခုကတော့ locate Command ပါ။

            Locate Command ဟာ File System Database ထဲမှာ ရှာဖွေပေးပြီးနောက် ရှာလိုက်တဲ့ စာသားပါသမျှအားလုံးကို ပြန်ပြပေးတာမျိုးပါ။

            locate Command မှာ Wildcards နှင့် Regular Expressions တွေလည်း အသုံးပြုနိုင်တာမို့ ရှာမယ့်စာသားဟာ ရှာဖွေလိုတဲ့ဖိုင်နာမည်တစ်ခုလုံးနှင့် အပြည့်အဝထပ်တူဖြစ်နေဖို့ မလိုပါဘူး။ Regular Expressions တွေအကြောင်းကို နောက်အခန်းမှာ လေ့လာနိုင်မှာပါ။

            ပုံမှန်အားဖြင့်လည်း locate Command ဟာ ရှာလိုတဲ့စာသား Pattern ကို ကြယ် Asterisks ဖြင့် ဝန်းရံထားသလို ပြုမူတတ်တာမို့ locate PATTERN လို့ ရေးတာသည် locate *PATTERN* လို့ရေးတာနှင့် အတူတူပါပဲ။ အဲ့ဒါကြောင့်ပဲ ဖိုင်နာမည်အတိအကျပါမှ ပြရမှာပေမယ့် ရှာလိုက်တဲ့စာသားပါသမျှအားလုံးကို ပြပေးနေတာပါ။ locate Man Page မှာ ရှင်းပြထားသလို Options တွေသုံးပြီး လိုသလိုပြုပြင်နိုင် ရှာနိုင်မှာပါ။

            locate ဟာ Database ထဲမှ သွားဖတ်တာ ရှာဖွေတာမို့ မကြာသေးမီက ဖန်တီးလိုက်တဲ့ ဖိုင်တဖိုင်ကို ရှာမတွေ့မှာမျိုးလည်း ရှိနိုင်မှာပါ။ updatedb လို့ခေါ်တဲ့ Program လေးဖြင့် Database ကို အချိန်မှန်မှန် Update လုပ်လေ့ရှိပေမယ့် Root User Privileges ရှိပြီး Database ကို ချက်ချင်း Update လုပ်ဖို့လည်း လိုအပ်ပါက updatedb Command ကို အချိန်မရွေး Run နိုင်ပါတယ်။

The find Command

            ဖိုင်တွေကို ရှာဖွေဖို့အတွက် အလွန်အသုံးဝင်တဲ့ အခြား Tool တစ်ခုကတော့ find ပါပဲ။ locate Command နှင့် မတူညီတဲ့ နည်းလမ်းတစ်ခုဖြင့် ရှာပေးမှာပါ။ ရှာလိုတဲ့ Directory တစ်ခုမှ Directories အခွဲများစွာအပါအဝင် Directory Tree တခုလုံးကို အဆင့်ဆင့်အကုန်ရှာဖွေပါတယ်။ locate Command မှာလို Database ဖြင့် မှတ်မထားဘဲ find Command ကို ခေါ်လိုက်မှ အလုပ်လုပ်ပေးတာ ရှာပေးတာမျိုးပါ။ locate နှင့် ဆင်တူတာကတော့ find Command ဟာလည်း Wildcards နှင့် Regular Expressions တွေ အသုံးပြုခွင့်ပေးတာပါ။

            find Command အသုံးပြုဖို့အတွက် ရှာလိုတဲ့ Directory Path လမ်းကြောင်းတော့ ဖော်ပြပေးဖို့လိုမှာပါ။ ပြပေးမယ့် ဖိုင်တွေအတွက် Filter Criteria တွေ အမျိုးမျိုးသုံးတဲ့ Expressions တွေ ထပ်ထည့်နိုင်ပါတယ်။ ဥပမာ -name Expression သုံးပြီး အဲ့ဒီ့အမည်ပါတဲ့ ဖိုင်တွေကို ရှာဖွေနိုင်ပါတယ်။

            ပထမခေါ်လိုက်တဲ့ find Command က Current Directory (Downloads) ထဲမှာ ရှာဖွေတာဖြစ်ပြီး ဒုတိယတစ်ခုက User Home Directory မှာ ရှာတာပါ။

            find Command ဟာ အတော်လေးရှုပ်ထွေးတာမို့ Linux Essentials Exam အတွက် အကုန်ပါဝင်အောင် လေ့လာဖို့မဖြစ်နိုင်ပေမယ့် လက်တွေ့မှာတော့ အမှန်တကယ်အသုံးဝင်လှတဲ့ အသုံးများတဲ့ Tool လေးပါ။