2.2 Using the Command Line to Get Help: Info Pages

Share this article to...

Info Pages

            Linux System တွေနှင့် အလုပ်လုပ်ကြပြီဆိုလျင် နောက်ထပ်ကူညီပံ့ပိုးပေးမယ့် Info Pages ဆိုတဲ့ Tool တစ်ခုရှိပါသေးတယ်။ Info Pages တွေဟာ Internet Web Pages တွေလို Hypertext ပုံစံမျိုးဖြစ်ပြီး Man Pages တွေထက် ပိုမိုအသေးစိတ်ဖော်ပြလေ့ရှိပါတယ်။

            Info Pages တွေကို အခုလိုပဲ ခေါ်သုံးနိုင်ပါတယ်။

            Info Page တစ်ခုစီအတွက် info Command ဟာ Tree Nodes တစ်ခုစီပုံစံမျိုး ဖွဲ့စည်းထားတဲ့ Info File တစ်ဖိုင်ကို ဖတ်မှာပါ။ Node တစ်ခုမှာ ရိုးရိုးရှင်းရှင်း Topic တစ်ခုပါဝင်မှာဖြစ်ပြီး Hyperlinks တွေမှတဆင့် အခြားသိလိုရာနေရာတွေကို ဆက်လက်ရှာဖွေသိရှိနိုင်မှာပါ။ Links တွေရှိနေတဲ့ အစနေရာက Asterisks ကြယ်လေးမှာ Cursor ထားပြီး Enter နှိပ်လိုက်ရုံပါပဲ။

            man Command ကဲ့သို့ပဲ info Tool မှာလည်း Navigation Commands တွေရှိပါတယ်။ Info Page ထဲမှာ ( ? ) အသုံးပြုပြီး ထပ်မံသိရှိလိုတာတွေ ရှာနိုင်ပါတယ်။ ဒီ Tools တွေဟာ Page Navigation ကို ပိုမိုလွယ်ကူစေမှာဖြစ်ပြီး Nodes Access လုပ်ပုံနှင့် Node Tree ထဲမှာ ရွေ့လျားသွားလာဖို့လည်း ကူညီပေးမှာပါ။

The /usr/share/doc/ directory

            အရင်က ဖော်ပြခဲ့ဖူးသလို /usr/share/doc/ Directory မှာ System မှ အသုံးပြုနေတဲ့ Commands တွေရဲ့  Documentation အများစုကို သိမ်းဆည်းထားပါတယ်။ System မှာ ထည့်သွင်းထားတဲ့ Installed Packages အများစုအတွက် Directory တွေလည်း ပါဝင်နေတတ်ပါတယ်။ Directory Name ကတော့ Package Name နှင့် အတူတူပဲဖြစ်လေ့ရှိပြီး တခါတရံမှာ Version Information တွေလည်း ပါဝင်တတ်ပါတယ်။ အဲ့ဒီလို Directories တွေမှာ သက်ဆိုင်ရာ Package ရဲ့ အခြေခံ Documentation တွေပါဝင်တဲ့ README (သို့) readme.txt File တွေ ပါဝင်လေ့ရှိပါတယ်။ README File နှင့်အတူ Program History ကို အသေးစိတ်မှတ်လေ့ရှိတဲ့ changelog File (သို့) Configuration Examples Files တွေလို အခြား Documentation Files များစွာလည်း ပါဝင်နိုင်ပါတယ်။

            README File ထဲမှာပါဝင်တဲ့ Information တွေဟာ Package တစ်ခုနှင့်တစ်ခု  အမျိုးမျိုးကွဲပြားပါတယ်။ ဖိုင်တွေအားလုံးကိုတော့ ပုံမှန် Plain Text ဖြင့်ပဲ ရေးသားထားတာမို့ မည်သည့် Text Editor ဖြင့်မဆို ဖတ်နိုင်မှာပါ။ ပါဝင်မယ့် ဖိုင်အရေအတွက်နှင့် အမျိုးအစားတွေကတော့ သက်ဆိုင်ရာ Package ပေါ်မှာပဲ မူတည်မှာပါ။ ပါဝင်တဲ့ Contents Overview ကို သိရှိနိုင်ဖို့ Directories တွေကို စစ်ကြည့်နိုင်ပါတယ်။