2.1 Command Line Basics: Introduction

Share this article to...

  Introduction

            အသစ်ထွက်ရှိတဲ့ နောက်ပိုင်း Linux Distributions တွေမှာ Graphical User Interfaces (GUI) တွေ ကျယ်ကျယ်ပြန်ပြန့် အသုံးပြုလာနိုင်ပေမယ့် Administrator တစ်ယောက်အတွက်တော့ Shell လို့လည်း ခေါ်ကြတဲ့ Command Line နှင့် ဘယ်လိုအလုပ်လုပ်မလဲဆိုတာ နားလည်ဖို့ အကျွမ်းတဝင်ရှိဖို့ သိဖို့ကတော့ အမြဲပဲလိုအပ်မှာပါ။ Shell ဆိုတာ OS နှင့် အသုံးပြုသူ User ကြားမှာ စာသား Commands တွေ အခြေခံပြီး ဆက်သွယ်ပေးတဲ့ Text based Communication Program တစ်ပုဒ်ပါပဲ။ User ပေးလိုက်တဲ့ စာသား Input တွေကို ဖတ်ယူပြီး System မှ နားလည်မယ့် Commands တွေအဖြစ် ပြောင်းလဲ ဘာသာပြန်ဆိုပေးတဲ့ Text Mode Program တစ်ပုဒ်ပါ။

            Linux မှာ အသုံးပြုနိုင်တဲ့ Shells တွေ အများကြီးထဲမှ တချို့ကိုဖော်ပြရလျင် –

  • Bourne-again Shell (Bash)
  • C Shell (csh or tcsh, the enhanced csh)
  • Korn Shell (ksh)
  • Z Shell (zsh) တို့ပါပဲ။

            အသုံးအများဆုံးကတော့ Bash Shell ဖြစ်ပြီး ယခုဒီစာအုပ်မှာလည်း Bash Shell ပဲ အသုံးပြုသွားပါမယ်။

            Interactive Shell အသုံးပြုတဲ့အခါ Shell Prompt မှာ Commands တွေရိုက်ထည့်ပြီး Input ပေးရပါတယ်။ Linux Distribution တစ်ခုစီအတွက် ပြတတ်တဲ့ Default Prompt တွေ မတူတတ်ပေမယ့် ဒီလို ဖွဲ့စည်းပုံ Structure ကိုတော့ လိုက်နာလေ့ရှိကြပါတယ်။

            Ubuntu or Debian GNU/Linux မှာ သာမန် Regular User အတွက် ပြတတ်တဲ့ Prompt ကတော့ ဒီလိုပါ။

            Superuser အတွက်တော့ အခုလို မြင်ရမှာပါ။

           CentOS or Red Hat Linux ပေါ်က Regular User Prompt ကို အခုလို တွေ့ရမှာဖြစ်ပြီး

           Superuser Prompt ကဒီလိုဖြစ်မှာပါ။

            ဒီလို ဖွဲ့စည်းပုံ Structure မှာပါဝင်တဲ့ တစ်ပိုင်းစီ Component တစ်ခုစီကို ကြည့်ကြပါစို့။

Username

            Shell ကို ဖွင့်လိုက်တဲ့ သုံးလိုက်တဲ့ Run တဲ့ အသုံးပြုသူရဲ့ အမည်ပါ။

Hostname

            Shell ဖွင့်ထားတဲ့ Run နေတဲ့ လက်ခံ Host Computer ရဲ့ အမည်ပဲ ဖြစ်ပါတယ်။ hostname ဆိုတဲ့ Command တစ်ခုလည်းရှိပြီး System ရဲ့ Host Name ပြဖို့ သတ်မှတ်ဖို့ အသုံးပြုနိုင်ပါတယ်။

Current_directory

            Shell ထဲမှာ လက်ရှိရောက်နေတဲ့ လမ်းကြောင်း Directory နေရာပါ။ မြင်နေရတဲ့ ဒီသင်္ကေတလေး ~ (Tilde Symbol)  ကတော့ လက်ရှိအသုံးပြုသူ Current User ရဲ့ ကိုယ်ပိုင်အိမ်လေး Home Directory မှာ ရောက်နေပါတယ်လို့ ဆိုလိုပါတယ်။

Shell_type

            $ Symbol ဟာ သာမန်အသုံးပြုသူ Regular User အနေဖြင့် Shell ကို အသုံးပြု Run နေတယ်လို့ ပြတာပါ။ User Prompt လို့လည်း ခေါ်ဝေါ်ကြပါတယ်။

            # Symbol ကတော့ Commands အားလုံးကို အကန့်အသတ်မရှိ Run နိုင်တဲ့ All Rights or Permissions အပြည့်အဝရှိတဲ့ Superuser Root အနေဖြင့် Shell ကို Run ထားပါတယ်လို့ ဆိုလိုပါတယ်။ Root Prompt လို့လည်းပြောကြပါတယ်။

            နောက်ထပ် ဥပမာတွေပြောတဲ့အခါ Special Privileges မလိုအပ်မှာကြောင့် Unprivileged Prompt (Regular User Prompt) ပဲဆက်လက်အသုံးပြုပြီး အတိုအားဖြင့် $ Symbol ဖြင့်ပင် ဆက်လက်ဖော်ပြသွားပါမယ်။