2.1 Command Line Basics: Command Line Structure & Command Behavior Types

Share this article to...

Command Line Structure

           Command Line မှာ အသုံးပြု Run တတ်တဲ့ Commands အများစုဟာ ဖွဲ့စည်းပုံ Basic Structure တွေ တူညီတတ်ကြပါတယ်။

            အောက်ပါ Command လေးကို ဥပမာအဖြစ် ကြည့်ကြရအောင်ပါ။

            Command မှာ ပါဝင်တဲ့ Component တစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပါမယ်။

Command

            အသုံးပြုသူမှ Run မယ့် ခေါ်သုံးမယ့် Program ကို ဆိုလိုတာပါ။ အခု ဥပမာမှာတော့ ls ဆိုတာ Command ပါ။

Option(s)/Parameter(s)

           တနည်းနည်းဖြင့် Command ရဲ့ လုပ်ဆောင်မှုကို ပြုပြင်ပံ့ပိုးပေးမယ့် “Switch” လို့ပြောလို့ရပါတယ်။ ဒီမှာတော့ -l လို့ တွေ့နိုင်ပါတယ်။ Options တွေကို အတိုကောက် (သို့) အရှည် အပြည့်အစုံ ဖော်ပြနိုင်ပါတယ်။ ဥပမာ – “-l” လို့ အတိုကောက်ရေးတာဟာ “–format=long” လို့ အပြည့်အစုံ အရှည်ပုံစံဖြင့် အသုံးပြုတာနှင့် အတူတူပါပဲ။

           Options များစွာကို ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ အတိုပုံစံအသုံးပြုမည်ဆိုလျင် Letters တွေကို အတူတူတွဲသုံးနိုင်တာပါ။ အောက်ပါ Commands တွေအားလုံးဟာ အလုပ်လုပ်ပုံ အတူတူပဲဖြစ်မှာပါ။

Argument(s)

           Command (သို့) Program မှ ထပ်မံလိုအပ်ခဲ့လျင် ဖြည့်စွက်မယ့် Filename (သို့) Path ကဲ့သို့ နောက်ထပ်အချက်အလက်ပါ။ ဒီမှာတော့ “/home” လို့ ဥပမာမှာ ပြထားပါတယ်။

          ဒီလို ဖွဲ့စည်းပုံ Structure မှာ တခုတည်းသော မဖြစ်မနေပါရမယ့် Mandatory Part ကတော့ Command ကိုယ်တိုင်ပါပဲ။ ယေဘူယျအားဖြင့် အခြားအပိုင်းတွေအားလုံးဟာ ပါပါ မပါပါ ရပေမယ့် Command (သို့) Program ဟာ အချို့သော Options, Parameters or Arguments တွေကို ဖော်ပြပေးဖို့ လိုအပ်နိုင်ပါတယ်။

Note: Commands အများစုဟာ “--help” Parameter ဖြင့် တွဲသုံး (Run) တဲ့အခါ ရနိုင်သမျှ Commands တွေရဲ့ အကျဉ်းချုပ်ဖော်ပြတာတွေ တွေ့နိုင်မှာပါ။ Linux Commands တွေအကြောင်းကို နည်းလမ်းအမျိုးမျိုးဖြင့် မကြာမီမှာပဲ ထပ်ပြီးလေ့လာပါအုံးမယ်။

 Command Behavior Types

           Shell ကပေးတဲ့ Commands ပုံစံ ( ၂ ) မျိုးရှိပါတယ်။

Internal

            အတွင်းပိုင်း Internal Commands တွေက Shell ကိုယ်တိုင်ရဲ့ တစိတ်တပိုင်းပဲဖြစ်ပြီး သီးခြား Separate Programs တွေ မဟုတ်ကြပါဘူး။ အဲ့ဒီလို Commands တွေ အခု (၃၀) လောက်ရှိပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Shell ထဲမှာလုပ်ရမယ့် အလုပ်တွေကို Execute (သို့) Run လုပ်ပေးဖို့ပါ။ ဥပမာ – cd, set, export စတဲ့ Commands တွေပါ။         

External

            အပြင်ပိုင်း ပြင်ပ Commands တွေကတော့ သီးခြားဖိုင်တွေထဲမှာဖြစ်ပြီး Binary Programs (or) Scripts ဖိုင်တွေအဖြစ် ရှိတတ်ကြပါတယ်။ Shell Builtin မဟုတ်တဲ့ Command တစ်ခုကို Run တဲ့အခါ Shell ဟာ Command နှင့် နာမည်တူတဲ့ Run လို့ရတဲ့ Executable File ကို ရှာဖွေဖို့အတွက် “PATH” Variable ကို သုံးပါတယ်။ သက်ဆိုင်ရာ Distribution ရဲ့ Package Manager နှင့်အတူ ပါလာတဲ့ Commands or Programs တွေအပြင် အသုံးပြုသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပြင်ပ External Commands တွေကိုလည်း ဖန်တီးနိုင်ပါတယ်။

            Command တစ်ခုရဲ့ Type ကို ကြည့်ဖို့ရာ “type” Command ကို အသုံးပြုနိုင်ပါတယ်။