1.4 ICT Skills and Working in Linux: Privacy Issues when using the Internet – Cookie Tracking

Share this article to...

Privacy Issues when using the Internet

            ယခုအခါမှာတော့ Web Browser ဆိုတာ မည်သည့် Desktop ပေါ်မှာမဆို အသုံးပြုနေကြတဲ့ အခြေခံ Software လေးတစ်ခုဖြစ်နေပေမယ့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့ကတော့ အသုံးပြုသူအချို့အတွက် လိုအပ်နေကြဆဲပါ။ Web Browser ဖြင့် အသုံးပြုနိုင်တဲ့ Services တွေ ပိုမိုများပြားလာတာနှင့်အမျှ အသုံးပြုသူတွေထည့်သွင်းလိုက်တဲ့ အချက်အလက်တိုင်း၊ ပြုလုပ်သမျှ Actions တိုင်းနီးပါးကို ကြားလူမည်သူမဆို အမျိုးမျိုးသော Parties အဖွဲ့အစည်းမဆိုတို့က ခြေရာခံနိုင်တာ ပိုင်းခြားဝေဖန်ခံရနိုင်တာတွေ ရှိလာတာပါ။ Internet Services တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်တာ၊ ခြေရာခံတာတွေ နောက်ယောင်ခံလိုက်ကြည့်ခံရတာတွေကို တားဆီးနိုင်တာတွေဟာ Internet ကို အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ဖို့အတွက် အရေးကြီးတာတွေပါ။

Cookie Tracking

            E-commerce Website တစ်ခုကို ကြည့်ရင်း Browse လုပ်ရင်းနဲ့ ကိုယ်နှစ်သက်တဲ့ Product တစ်ခုကိုရွေးချယ်ပြီး ဈေးဝယ်လှည်း Shopping Cart ထဲကို ထည့်လိုက်ပြီ ဆိုကြပါတော့။ သို့ပေမယ့် အဲဒီပစ္စည်းလေး အမှန်တကယ်လိုအပ်လား ဝယ်တော့မလားအတွေးနှင့် တကယ်ဝယ်ခါနီး နောက်ဆုံးစက္ကန့်လေးမှာပဲ ကိုယ်ကြည့်ခဲ့ဖူးတဲ့ အလားတူ Product ရဲ့ကြော်ငြာလေးတွေ့မိတာမျိုး ကြုံဖူးကြမှာပါ။ အဲ့ဒီကြော်ငြာလေးနှိပ်လိုက်တာနှင့် အလားတူပစ္စည်းလေးရှိတဲ့ Product Page ဆီ ပြန်ရောက်သွားပါပြီ။ ဝယ်ဖို့ရွေးချယ်ထည့်ထားခဲ့တဲ့ Products လေးတွေကလည်း Shopping Cart ထဲမှာပဲ ရှိနေဆဲပါ။ တကယ်ဝယ်တော့မလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ စောင့်နေဆဲပါပဲ။ ဘယ်လိုများဖြစ်ပါလိမ့်? အခြားတစ်နေရာ Another Web Page မှာရှိတဲ့ ကိုယ်လိုချင်တဲ့ အလားတူ Product မျိုးကို အချိန်ကိုက် မှန်မှန်ကန်ကန်လာပြတာပါလိမ့်? ဆိုပြီး တွေးနေမိရင်တော့ အဲ့ဒီမေးခွန်းတွေရဲ့ အဖြေက Cookie Tracking ကြောင့်လို့ပဲ ဖြေရမှာပါ။

             Cookies ဆိုတာ မိမိတို့ရဲ့ရှာဖွေမှု Navigation တွေ၊ ကြည့်ဖူးတဲ့ Website တွေ အတွက် အသုံးဝင်နိုင်မယ့် အချက်အလက်တချို့ကို မှတ်ထားဖို့ ပြန်လည်ထုတ်ယူဖို့ Website မှ ကိုယ့်ရဲ့ ကွန်ပျူတာပေါ်မှာ လာသိမ်းထားနိုင်တဲ့ ဖိုင်လေးတွေပါပဲ။ Cookies အသုံးပြုနေဖြစ်တာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး အသုံးပြုသူဘက် Client Side မှာ Data လာသိမ်းတဲ့ နည်းလမ်းဟောင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ မတူညီဘဲ သီးခြားစီဖြစ်တဲ့ Unique Shopping Card IDs တွေဟာ Cookies အသုံးပြုတဲ့ ဥပမာတွေပါပဲ။ ကြည့်ခဲ့ဖူးတဲ့ Website တစ်ခုကို ရက်အနည်းငယ်အတွင်းမှာပဲ ပြန်ရောက်ဖြစ်တယ် ကြည့်ဖြစ်တယ်ဆိုလျင် နောက်ဆုံးရောက်ခဲ့စဥ်က ဈေးဝယ်လှည်းထဲမှာ ထည့်ထားခဲ့ဖူးတဲ့ Products တွေကို မှတ်မိနေမှာဖြစ်ပြီး နောက်တခါပြန်မရှာရတော့ဘဲ အချိန်ကုန်သက်သာစေမှာမျိုးပါ။

            အဲ့ဒီလို အသုံးဝင်စေတာမျိုးဖြစ်ပြီး မိမိတို့နှင့်သက်ဆိုင်တဲ့ မည်သည့်အချက်အလက်ကိုမျှ အခြားကြားလူ Third Parties တွေနှင့် မမျှဝေဘူး မဖလှယ်ဘူးဆိုလျင်တော့ အဆင်ပြေပါတယ်။ သို့ပေမယ့် အခြား Web Pages တွေကို ကြည့်နေစဥ်မှာ ပြလာတဲ့ ရောက်ရှိလာတဲ့ ကြော်ငြာတွေကရော ဘယ်လိုလဲ? ဒါဆို ကြော်ငြာကွန်ယက် Ad Networks ဆိုတာ ပါလာပြီပေါ့။ Ad Networks ဆိုတာ မိမိတို့ဖော်ပြခဲ့တဲ့ ဥပမာလို E-commerce Sites တွေအတွက် တစ်ဘက်မှာ ကြော်ငြာတွေပြုလုပ်ပေးပြီး အခြားတစ်ဘက်မှာတော့ ဝင်ငွေပြန်လည်ရရှိစေတာမျိုးပါ။ Bloggers တွေလို အကြောင်းအရာဖန်တီးသူ Content Creators တွေဟာ သူတို့ဖန်တီးထားတဲ့ Blog တွေမှာ ကြော်ငြာခွင့်ပေးပြီး ကြော်ငြာရောင်းရငွေကို ကော်မရှင်ခံစားခွင့် ပူးတွဲရယူကြတာပါ။

            သို့သော် ဘယ်ပစ္စည်း Product ကို ပြပေးမယ်ဆိုတာ ဘယ်လိုသိမှာလဲ? E-commerce Website မှာ Product တစ်ခုကိုရှာလိုက်ပြီ ကြည့်လိုက်ပြီဆိုတာနှင့် Ad Network မှလည်း    Cookie ဖိုင်သိမ်းပြီးမှတ်ပါတယ်။ အဲ့ဒီဖိုင်မှ အချက်အလက်တွေကို ပြန်လည်ရယူပြီး ကြော်ငြာရှိတဲ့နေရာတိုင်းမှာ ကိုယ်စိတ်ဝင်တစားရှာကြည့်ခဲ့ဖူးတဲ့ Products တွေနှင့် ဆက်စပ်မှုတွေလုပ်ပါတယ်။  ဒါဟာ Internet ပေါ်မှာ တယောက်ယောက်ကို ခြေရာခံ နောက်ယောင်ခံလိုက်တဲ့ အတွေ့ရအများဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ အခုဖော်ပြခဲ့တဲ့ ဥပမာဟာ Cookies တွေကို E-commerce မှာ အသုံးပြုပုံကို ပိုမိုပေါ်လွင်ထင်ရှားစေပြီး Social Media Platforms တွေမှာလည်း “Like” or “Share” Buttons တွေ၊ Social Login တွေဖြင့် အလားတူပြုလုပ်ကြတာကို သတိထားမိမှာပါ။

            အဲ့ဒါကို ဖြေရှင်းဖို့ တနည်းကတော့ မိမိတို့ရဲ့ Browser တွေမှာ Third Party Websites တွေရဲ့ Cookies တွေ သိမ်းမှာကို ခွင့်မပြုဘဲနေပြီး ကိုယ်ရှာဖွေကြည့်ရှု Visit ခဲ့တဲ့ Website ရဲ့ Cookies တွေကိုပဲ သိမ်းနိုင်မှာမျိုးပါ။ တစ်ခု သတိပြုရမှာကတော့ ယနေ့အချိန်အခါမှာ Third Party Services တွေပေါ်မှာ မှီခိုနေရတဲ့ Websites များစွာလည်း ရှိနေတာမို့ အချို့ Legitimate Features အပိုင်းတွေပါ ကောင်းကောင်းအလုပ်မလုပ်နိုင်မှာကိုပါ။ ကိုယ့်ရဲ့စက်မှာ ဘယ် Cookies တွေသိမ်းမယ်ဆိုတာ ချိန်ညှိနိုင်ဖို့ Fine-grained Control အတွက် Browser ရဲ့ Add-on Repository မှာ Cookie Manager ကို ရှာဖွေရယူနိုင်ပါတယ်။