1.4 ICT Skills and Working in Linux: Linux User Interfaces – Desktop Environments

Share this article to...

Introduction

         Linux ဟာ အခြားသော OS တွေမှာလို Polished Desktop Applications and Configuration Tools တွေ များများစားစား မရှိခဲ့သေးတဲ့ အချိန်တွေက Desktop ပေါ်မှာ အလုပ်လုပ်ကြရတာ ခက်ခဲတယ်ဆိုတဲ့ အချိန်တချိန်ရှိခဲ့ဖူးပါတယ်။ သက်တမ်းပိုမိုနုနယ်နေခဲ့တာကြောင့်လည်း ပါပါတယ်။ မဖြစ်မနေလိုအပ်တဲ့ ပိုပြီးအရေးပါအဓိကကျတဲ့ Command Line Applications တွေကို ဖန်တီးဖို့ လွယ်လွယ်စတင်ခဲ့ကြပြီး များပြားရှုပ်ထွေးတဲ့ Graphical Tools တွေကို နောက်ပိုင်းမှဖန်တီးကြဖို့ ချန်ထားခဲ့ကြတာပါ။ အစပိုင်းမှာတော့ Linux ကို Advanced Users တွေအတွက် ဦးတည်ဖန်တီးခဲ့ကြတာကြောင့် ပြဿနာမဟုတ်ခဲ့ပေမယ့် အခုနောက်ပိုင်းအချိန်တွေမှာတော့ Linux Desktop Environments ဟာ အတော်လေးအရှိန်ရနေပြီး Features တွေအရရော အသုံးပြုရလွယ်ကူမှုအရပါ ပြည့်စုံအောင်ဖန်တီးထားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် Command Line ကတော့ Advanced Users တွေအတွက် နေ့စဥ်အမြဲအသုံးပြုနေကြရတဲ့ Powerful Tool ဖြစ်နေဆဲပါ။ ဒီသင်ခန်းစာမှာတော့ Command Line အပါဝင် သင့်တော်မယ့် Best Tool တွေရွေးချယ်နိုင်ဖို့ လိုအပ်မယ့် အခြေခံ Desktop Skills အချို့ကို ကြည့်ကြရအောင်ပါ။

Linux User Interfaces

         Linux System တစ်ခုကို Command Line (or) Graphical User Interfaces ဖြင့် အသုံးပြုဖြစ်ကြပါတယ်။ ဘယ်နည်းလမ်းဖြင့်မဆို Applications အများအပြားကို အသုံးပြုလို့ရမှာပါ။ အများအားဖြင့် အသုံးပြုလေ့ရှိကြတဲ့ Applications တွေကို ဖော်ပြခဲ့ပြီးတာမို့ ဒီမှာတော့ Desktop Environments, Terminal Access and Presentations and Project Management Tools တွေကို အနီးကပ်လေ့လာကြပါစို့။

Desktop Environments

         Linux ဟာ လိုအပ်ချက်တစ်ခု (သို့) ရည်ရွယ်ချက်တစ်ခုအတွက် မတူညီတဲ့ Projects and Developers တွေ ဖန်တီးထားကြတဲ့ System ရဲ့ မတူညီတဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေပါဝင်နေတဲ့ Modular Approach တစ်ခုပါ။ အဲ့ဒါကြောင့်ပဲ များစွာသော Linux Distributions တွေမှာ ကွဲပြားခြားနားတဲ့ မတူညီတတ်ကြတဲ့ အဓိကအချက်တွေထဲက တစ်ခုအဖြစ် Desktop Environments နှင့်အတူ Package Managers ရွေးချယ်စရာတွေများစွာရှိနေပြီး Default Desktop Environment တွေလည်း မတူကြပါဘူး။ OS နှင့်အတူ ပါလာတဲ့ Desktop Environment အတိုင်းသာ အသုံးပြုကြရတဲ့ Windows နှင့် macOS တွေလို Proprietary OS တွေနှင့် မတူတာကတော့ Environments များစွာ ထည့်သွင်းနိုင်ပြီး မိမိနှင့်သင့်လျော်ရာ လိုအပ်ချက်နှင့်ကိုက်ညီရာ တစ်ခုကို ရွေးချယ်ထည့်သွင်းနိုင်တာမျိုးပါ။

         အခြေခံအားဖြင့်တော့ Gnome နှင့် KDE ဆိုပြီး အဓိကကျတဲ့ Desktop Environments နှစ်မျိုးရှိကာ အလွန်ပဲပြည့်စုံလှပါတယ်။ Large Community Support လည်းရှိကြပြီး ရည်ရွယ်ချက်အတူတူဖြင့် ကွဲပြားခြားနားမှုအနည်းငယ်သာရှိကြတာပါ။ အချုပ်ပြောရလျင်တော့ Gnome ဟာ KISS (Keep It Simple Stupid) Principle ကို လိုက်နာပြီး အတော်လေးရိုးစင်း ရှင်းလင်းတဲ့ Applications တွေ ပါပါတယ်။ တစ်ဘက်မှာတော့ KDE မှာ Applications များစွာပါလာပြီး အသုံးပြုသူတွေဟာ Configuration Setting တိုင်းကို ပြောင်းလဲပြင်ဆင်နိုင်ခွင့်ရကြတာမျိုးပါ။

         Gnome Applications တွေဟာ C Programming Language ဖြင့်ရေးသားထားတဲ့ GTK Toolkit ပေါ်မှာ အခြေခံကြပြီး KDE Applications တွေကတော့ C++ ဖြင့်ရေးသားထားတဲ့ Qt Library တွေကို အသုံးပြုကြပါတယ်။ တူညီတဲ့ Graphical Toolkit အသုံးပြုရေးသားထားတဲ့ Application တွေရဲ့ လက်တွေ့အကျဆုံးရှုထောင့်တွေထဲက တစ်ခုကတော့ ပေါင်းစည်းတဲ့အမြင်ရစေပြီး ဆင်တူတဲ့ ခံစားမှုအမြင်ကို မျှဝေဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်က မကြာခဏအသုံးများတဲ့ Applications တွေအတွက် Graphical Library ကို တူညီစွာဝေမျှအသုံးပြုပါက Memory Space အချို့သက်သာစေပြီး တချိန်တည်းမှာပဲ Library ကို တစ်ကြိမ်ဆွဲတင်ပြီးတာမို့ Loading Time လည်း ပိုမိုမြန်ဆန်လာစေပါတယ်။