1.4 ICT Skills and Working in Linux: Encryption – File and E-mail Encryption with GnuPG

Share this article to...

File and E-mail Encryption with GnuPG

            Emails တွေ လုံခြုံစိတ်ချရဖို့အတွက် Tools များစွာရှိပေမယ့် အရေးအကြီးဆုံးတစ်ခုကတော့ GnuPG ပါပဲ။ GnuPG ဆိုတာ GNU Privacy Guard ဖြစ်ပြီး Request for Comments (RFC) 4880 ဖြင့် စုစည်းထားတဲ့ International Standard တစ်ခုဖြစ်သော OpenPGP ရဲ့ Open Source Implementation တစ်ခုလည်းဖြစ်ပါတယ်။

            GnuPG ကို စာသားတွေ၊ မေးလ်တွေ၊ ဖိုင်တွေ၊ Directories တွေအပြင် Disk Partitions တွေအတွက်ပါ Sign ထိုးဖို့၊ စကားဝှက်ပြောင်းလဲ Encrypt၊ ပြန်ဖြည် Decrypt လုပ်ဖို့တွေအတွက် အသုံးပြုနိုင်ပါတယ်။ Public-key Cryptography နှင့်လည်းတွဲဘက်အလုပ်လုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ရရှိနိုင်ပါတယ်။ အချုပ်ပြောရလျှင် GnuPG ဟာ Public နှင့် Private Keys တွေပါဝင်တဲ့ ဖိုင်တွေကို ဖန်တီးပါတယ်။ Public Key ဆိုတဲ့အတိုင်း မည်သူမဆို ရယူနိုင်တဲ့ဖိုင်ဖြစ်ပြီး Private Key ကတော့ လျှို့ဝှက်ထားဖို့လိုတဲ့ဖိုင်ပါ။ ကိုယ့်ရဲ့အချက်အလက်တွေကို Encrypt လုပ်ဖို့ Public Key အသုံးပြုရမှာဖြစ်ပြီး ပြန်ဖြည်ဖို့အတွက်တော့ Private Key ရှိမှသာ အဆင်ပြေမှာပါ။

            သက်ဆိုင်ရာ Public Key နှင့် ယှဥ်တွဲစစ်ဆေးဖို့ ပြန်ဖြည်ဖို့အတွက် မည်သည့်ဖိုင် (သို့) မေးလ်ကိုမဆို Sign ထိုးဖို့လည်း Private Key ကို အသုံးပြုနိုင်မှာပါ။ Digital Signage ဟာ အပြင်လောကမှ Real World Signature နှင့် ဆင်တူစွာပဲ အလုပ်လုပ်ပါတယ်။ Private Key ပိုင်ဆိုင်နေသမျှ တစ်ဘက်က လက်ခံရရှိသူဟာ မိမိရေးသားတာ ပေးပို့တာဆိုတာကို အသေအချာပဲ ယုံကြည်နိုင်မှာမျိုးပါ။ ပေးပို့မယ့် စာသား၊ မေးလ်၊ ဖိုင် စတာတွေမှာ အပြောင်းအလဲတစ်ခုခု လုပ်လိုက်တာဟာ Signature ကို လွဲမှားသွားစေမှာကြောင့် Cryptographic Hash Function အသုံးပြုပြီး GnuPG ဟာ Sign ထိုးပြီးတဲ့နောက် အပြောင်းအလဲမလုပ်ထားပါဘူး မပြောင်းလဲပါဘူးဆိုတာမျိုး အာမခံပေးမှာပါ။             GnuPG ဟာ အလွန်ပဲ အသုံးဝင်အကျိုးရှိသလို အတော်လေးလည်း ရှုပ်ထွေးလှပါတယ်။ GnuPG Site နှင့် Archlinux Wiki တွေမှာလည်း ထပ်မံလေ့လာနိုင်ပါတယ်။ (Archlinux ကို မသုံးဖြစ်ရင်တောင်မှ Archlinux Wiki ဟာ သတင်းအချက်အလက်ကောင်းတွေ ပိုမိုရရှိနိုင်တာ ညွှန်းဆိုချင်ပါတယ်။)

Ref.

https://gnupg.org/

https://wiki.archlinux.org/title/GnuPG