1.3 Open Source Software and Licensing: (3) Licenses: Open Source Definition and Permissive Licenses

Share this article to...

Open Source Definition and Permissive Licenses

            Open Source ဘက်မှာတော့ Licensing Issues တွေနှင့် အဓိကသက်ဆိုင်တဲ့ Open Source Initiative (OSI) အဖွဲ့အစည်းရှိပြီး Eric S. Raymond and Bruce Perens တို့က ၁၉၉၈ မှာစတင်ဖွဲ့စည်းခဲ့ကြတာပါ။ Open Source ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနှင့် ကိုက်ညီမှုရှိဖို့ရာ Software Licenses တွေကို စစ်ဆေးဖို့အတွက် စံသတ်မှတ်ချက် (Standard Procedure) တစ်ခုကိုလည်း ဖန်တီးထားပါတယ်။ အသိအမှတ်ပြုပြီးတဲ့ Open Source Licenses ပေါင်း (၈၀) ကျော်ကို OSI Website မှာ လက်ရှိဖော်ပြထားပါတယ်။

         အထူးအားဖြင့် BSD Licenses Group လို Copyleft Principle နှင့် အငြင်းပွားဖွယ်ဖြစ်နေတဲ့ လိုင်စင်တွေကို OSI-approved လိုင်စင်တွေအနေဖြင့်လည်း စာရင်းပြုစုဖော်ပြထားပါတယ်။ Berkeley Software Distribution (BSD) ဟာ Berkeley တက္ကသိုလ်မှာ စတင်တီထွင်ဖန်တီးခဲ့တဲ့ Unix OS ရဲ့အသွင်ကွဲတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာတော့ NetBSD, FreeBSD and OpenBSD စတဲ့ Free Projects တွေအဖြစ်ပေါ်ထွက်လာပါတော့တယ်။ အဲ့ဒီ Projects Licenses တွေကို Permissive လို့ခေါ်ကြပါတယ်။ Copyleft Licenses တွေနှင့်မတူတာကတော့ ပြန်လည်ပြုပြင်ဖန်တီးလိုက်တဲ့ Modified Software Version အတွက် အသုံးပြုခွင့်အပေါ်မှာ လွတ်လပ်ခွင့်ပေးတာပါပဲ။ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ Closed Source အဖြစ် စီးပွါးရေးအရဖြန့်ဝေတာဖြစ်ဖြစ် ထုတ်လုပ်တာဖြစ်ဖြစ် Software ပြုပြင်သူအပေါ်မှာ ပြုပြင်ဖန်တီးမှုအတွက် လွတ်လပ်ခွင့်အပြည့်အဝပေးထားပြီး Software ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ကြဖို့ပါပဲ။

         Simplified BSD License or FreeBSD License အဖြစ် ခွင့်ပြုချက်တွေပိုမိုရရှိနိုင်တာကို ဖော်ပြထားပါတယ်။ Software အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ပျက်စီးဆုံးရှုံးမှုအတွက် ပေးချေရန်အငြင်းပွားမှုတွေမှလည်း ဖန်တီးသူတွေကို ကာကွယ်ပေးထားပါတယ်။ လိုင်စင်မှာ စည်းမျဥ်းနှစ်ခုပဲပါဝင်ပြီး ပြုပြင်ပြောင်းလဲမှု ပြုလုပ်သည်ဖြစ်စေ၊ မပြုလုပ်ဘဲဖြစ်စေ အောက်ပါအခြေအနေတွေဖြင့် ကိုက်ညီမည်ဆိုလျင် ပြန်လည်ဖြန့်ဝေခြင်း၊ Source and Binary Forms ဖြင့် အသုံးပြုခြင်းတွေကို ခွင့်ပြုပေးထားပါတယ်

၁။ Source Code ပြန်လည်ဖြန့်ဝေရာမှာ မူပိုင်ခွင့် Copyright ကို ဆက်လက်ထိန်းသိမ်း 

     လိုက်နာရပါမယ်။

၂။ Binary Form ဖြင့် ပြန်လည်ဖြန့်ဝေရာမှာ မူပိုင်ခွင့် Copyright ကို

    မူလဖော်ပြထားသည့်အတိုင်း လမ်းညွှန်မှတ်တမ်းတွင်ဖြစ်စေ၊ အခြားပုံစံတမျိုးမျိုးဖြင့်ဖြစ်စေ ပြန်လည်ဖြန့်ဝေပေးဖို့ပါ။