1.3 Open Source Software and Licensing: (4) Business Models in Open Source

Share this article to...

Business Models in Open Source

            စစ်တမ်းတွေအရတော့ စီးပွါးရေးအရ အကန့်အသတ်တွေမရှိဘဲ ငွေရေးကြေးရေးအရ အမှီအခိုကင်းပြီး ပူပင်စရာမရှိတဲ့ နည်းပညာအသစ်တွေနောက် လိုက်တတ်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကြောင့် FLOSS အရွေ့ရဲ့အောင်မြင်မှုဟာ သူတို့ရဲ့ ဖန်တီးမှုတွေကို အများအတွက်ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ဘီလီယံများစွာတန်တဲ့ ကုမ္ပဏီတွေလည်း FLOSS နယ်ပယ်မှာပေါ်ထွက်လာခဲ့ပါတယ်။ အမည်တစ်ခုဖော်ပြရမယ်ဆိုလျင်တော့ ၁၉၉၃ မှာစတင်တည်ထောင်ခဲ့တဲ့ US Company တစ်ခုဖြစ်တဲ့ Red Hat ပါပဲ။ ၂၀၁၈ မှာတော့ IT Giant IBM ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ချိန်မှာတော့ Annual Sales 3 Billion USD ကျော်ကျော်ရှိပါတယ်။

            အဲ့ဒါကြောင့်ပဲ အရည်အသွေးမြင့် Software တွေနှင့် တီထွင်ဖန်တီးသူတွေအတွက် Business Models တွေရဲ့ လွတ်လပ်စွာဖြန့်ဝေခြင်းနှင့် အခမဲ့နီးပါးလွတ်လပ်စွာ ဖြန့်ဝေခြင်းတွေကြားမှာရှိတဲ့ အလျော့အတင်းတွေကို ရှင်းရှင်းလင်းလင်းဖြစ်ရအောင် ကြည့်ကြပါစို့။ Free Software တွေရဲ့  မရေမတွက်နိုင်တဲ့ အရည်အသွေးမြင့်တီထွင်ဖန်တီးသူတွေဟာလည်း ဝင်ငွေရသင့်တယ်ဆိုတာနှင့် မူလပင်ကိုယ်က စီးပွါးရေးအရမဟုတ်တဲ့ Non-commercial FLOSS Environment ဟာ အကျိုးအမြတ်မယူတဲ့ပုံစံ Business Models ကို ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်ဖို့ရယ်ဆိုတာပဲ ဖြစ်ပါတယ်။

            အတွေ့ရများတဲ့ နည်းလမ်းတစ်ခုကတော့ Larger Projects တွေစတင်တဲ့အခါ Kickstarter လို Platform မျိုးမှတဆင့် အလှူငွေတွေစုဆောင်းရရှိတဲ့ Crowdfunding ပါ။ အပြန်အလှန်အားဖြင့် အလှူရှင်တွေဟာ တီထွင်ဖန်တီးမှုအောင်မြင်တဲ့အခါ ဖန်တီးသူတွေဆီမှ Product or Special Features တွေကို Pre-defined Bonus အဖြစ် အကန့်အသတ်မရှိ ရယူအသုံးပြုနိုင်မှာပါ။

            နောက်ထပ်တစ်နည်းကတော့ Dual Licensing ပါ။ Free Software ကို More Restrictive or Proprietary License ပုံစံမျိုးဖြင့် Versions for Certain Platforms, Updates, Errors Response Time တွေအတွက် Extensive Services တွေကို အာမခံပေးတာမျိုးပါ။ ဥပမာတစ်ခုပြရလျင်တော့ GPL အဖြစ်ဖန်တီးပြီး Proprietary License အနေဖြင့် Business Edition အဖြစ်ထုတ်ထားတဲ့ ownCloud ပါ။

            Professional Services အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ FLOSS Business Model ရဲ့ ဥပမာတစ်ခုဖြစ်တဲ့ ownCloud ကို ကြည့်ကြပါစို့။ ကုမ္ပဏီတော်တော်များများမှာ ရှုပ်ထွေးပြီးအရေးပါလှတဲ့ Software တွေကို ယုံကြည်စိတ်ချစွာ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုနိုင်မယ့် လိုအပ်တဲ့ အသိပညာမျိုး ကိုယ်ပိုင်မရှိကြတာမို့ ထုတ်လုပ်သူတွေဆီကနေ တိုင်ပင်တာ ပြုပြင်ထိန်းသိမ်းတာ အကူအညီရယူတာတွေလို Professional Services တွေကို ဝယ်ယူသုံးစွဲလေ့ရှိကြပါတယ်။ အဲ့ဒီလိုသုံးစွဲတဲ့အခါမှာ လည်ပတ်လုပ်ဆောင်မှုရဲ့ ကောင်းကျိုးဆိုးပြစ် ဖြစ်ပေါ်လာနိုင်မှုတွေကို ထုတ်လုပ်သူကိုပဲ လွှဲအပ်ထားရတာကြောင့် Liability Issues တွေလည်း ရှိလာပါတယ်။

            Software တစ်ခုဟာ နယ်ပယ်တစ်ခုမှာ အောင်မြင်ကျော်ကြားလာပြီဆိုတာနှင့် အရောင်းမြှင့်တင်တာ (သို့) ကျွမ်းကျင်စွာအသုံးပြုနိုင်မှုအတွက် Certificates ဖြေဆိုရယူတာ စတဲ့ အပိုဝင်ငွေရရှိဖို့ ဖြစ်နိုင်ချေတွေလည်း လုပ်ဆောင်လာနိုင်ပါတယ်။ မရေမတွက်နိုင်အောင်ရှိတဲ့ အဲ့ဒီလို Software တွေထဲက တစ်ခုကို ဥပမာပြရမည်ဆိုလျင် Learning Platform တစ်ခုဖြစ်တဲ့ Moodle ဟာ Trainers တွေအတွက် ဝယ်ယူမည့် အလားအလာရှိတဲ့ ဝယ်သူတွေကို သူတို့ရဲ့ ကျွမ်းကျင်မှုကို ပြသနိုင်မည့် Certificates တွေ ထုတ်ပေးတာမျိုးပါ။

         Software as a Service (SaaS) ဆိုတာ Web-based Technologies တွေအတွက် အထူးပြု ပေါ်ထွက်လာတဲ့ Business Model ပါ။ Cloud Provider ဟာ သူတို့ရဲ့ Servers တွေပေါ်မှာ Customer Relationship Management (CRM) or Content Management System (CMS) လို Software တခုအသုံးပြုပြီး သူတို့ရဲ့ဝယ်သူတွေကို ပေးသုံးတာမျိုးပါ။  အခုလိုနည်းအားဖြင့် ဝယ်သူတွေဟာ Software ထည့်သွင်းရတာတွေ ပြုပြင်ထိန်းသိမ်းရတာတွေ မလုပ်ရတော့ဘဲ သက်သာစေပါတယ်။ အဲ့ဒီအတွက် ဝယ်ယူအသုံးပြုသူတွေက အသုံးပြုသူအရေအတွက်ပေါ်မူတည်ပြီး (သို့) အခြားအမျိုးမျိုးသော အချက်အလက်တွေအရ Software အသုံးပြုမှုအတွက် ကျသင့်ငွေပေးချေကြရပါတယ်။ အချိန်တိုင်းအသုံးပြုနိုင်မှု လုံခြုံစိတ်ချရမှုတွေကလည်း စီးပွါးရေးရဲ့ အဓိကအရေးပါတဲ့အချက်တွေအဖြစ် ပါဝင်လာကြပါတယ်။

            နောက်ဆုံးမှဖော်ပြရပေမယ့် အလားတူအရေးပါတဲ့ Model ကတော့ အထူးသဖြင့် Projects အသေးတွေမှာ တွေ့ရတတ်တဲ့ ဝယ်ယူအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေအတိုင်း ထပ်မံပြုပြင်ချဲ့ထွင်ထားတာတွေကို Free Software အဖြစ်ပြောင်းလဲခြင်းပါပဲ။ အဲ့ဒီလို ချဲ့ထွင်လိုက်တဲ့အပိုင်းတွေကို Free Software အဖြစ် ထုတ်ခွင့်ပြုမည် (သို့) ကိုယ်ပိုင် Business Model ရဲ့ တစိတ်တပိုင်းအဖြစ် လျှို့ဝှက်ထားမည် ဆိုတာတွေက ဝယ်ယူသူတွေရဲ့ စိတ်ကြိုက်ဆုံးဖြတ်နိုင်တာမျိုးပါ။

            ရှင်းလင်းလာသင့်တဲ့ တစ်ချက်ကတော့ Free Software ဟာ အခမဲ့ရရှိနိုင်ပေမယ့်လည်း ဖန်တီးမှုပုံစံအသစ်ဖြင့် ကမ္ဘာတဝှမ်းမှ ကုမ္ပဏီတွေနှင့် မရေမတွက်နိုင်တဲ့ အလွတ်တမ်း တီထွင်ဖန်တီးသူတို့ ပုံမှန်ပြုပြင်ချဲ့ထွင်လျက်ရှိတဲ့၊ FLOSS Movement တခုလုံးဆက်လက်တည်ရှိနေတယ်ဆိုတာလည်း အဆုံးစွန်အထိကို သေချာနေတဲ့၊ Business Models များစွာဟာ ဒီနယ်ပယ်ထဲမှာ ပေါ်ထွက်လာနေတာပါပဲ။