1.3 Open Source Software and Licensing: (3) Licenses: Creative Commons

Share this article to...

Creative Commons

            FLOSS ရဲ့ အောင်မြင်တဲ့တီထွင်ဖန်တီးမှုနှင့် ဆက်စပ်နည်းပညာတွေရဲ့ တိုးတက်လာမှုတွေဟာ Open Source Principle တွေကို နည်းပညာမဟုတ်တဲ့ နယ်ပယ်တွေဆီကိုပါ ကူးဆက်သွားစေပါတယ်။ ရှုပ်ထွေးတဲ့အလုပ်တွေကို ဖြေရှင်းရာမှာ ပူးပေါင်းဖန်တီးမှုတွေ အသိဉာဏ်ဗဟုသုတရယူပြင်ဆင်မှုတွေကို ထပ်မံချဲ့ထွင် ဆက်စပ်ပါဝင်လာတဲ့ Open Source Principle ရဲ့ အထောက်အထားတွေအဖြစ် မှတ်ယူလာကြပါတယ်။

         ဘယ် Work Results တွေကို မျှဝေအလုပ်လုပ်နိုင်မလဲဆိုတာအရ  ဒီလိုနယ်ပယ်တွေမှာ ယုံကြည်စိတ်ချရတဲ့ အခြေခံအုတ်မြစ် Reliable Foundations တွေ ဖန်တီးကြဖို့လိုအပ်လာပါတယ်။ ရှိနေတဲ့ Software Licenses တွေဟာ အဲ့ဒီအတွက် သိပ်မသင့်လျော်တာမို့ Scientific Work တွေရဲ့ အချို့လိုအပ်ချက်တွေကို Open Source ပုံစံမျိုး Digitized Works of Art အဖြစ်သို့ ပြောင်းလဲပြီး အလားတူ သင့်တော်မယ့် Licenses တွေဖြစ်အောင် ကြိုးပမ်းလာမှုတွေများစွာရှိလာပါတယ်။

            အခုထိတော့ အဲ့ဒီလို အရေးအကြီးဆုံးဖြစ်တဲ့ စတင်မှုအဖြစ် Creative Commons (CC) ကို အခုလိုအကျဥ်းချုပ်လေးဖော်ပြပါမယ်။

Creative Commons ဆိုတာ လွတ်လပ်စွာမျှဝေထားတဲ့ တရားဝင် Legal Tools တွေရယူအသုံးပြုပြီး ဖန်တီးနိုင်မှုနှင့် အသိပညာဗဟုသုတတို့ကို ပြန်လည်ဝေမျှအသုံးပြုစေနိုင်မယ့် Global Nonprofit Organization တစ်ခုပါပဲ။

https://creativecommons.org/faq/#what-is-creative-commons-and-what-do-you-do

            Creative Commons နှင့်အတူ မူပိုင်ခွင့်သတ်မှတ်ခြင်းတွေဟာ ဖြန့်ဝေသူ Distributor တွေဆီကနေ ရေးသားသူတွေဆီကို ပြန်လည်ရောက်ရှိလာပါတယ်။ ဥပမာ – သမားရိုးကျထုတ်ဝေရာမှာ စာရေးသူဟာ ပုံနှိပ်ခြင်း၊ ဘာသာပြန်ခြင်းစတဲ့ ထုတ်ဝေခွင့်ဆိုင်ရာ မူပိုင်ခွင့်အားလုံးကို ထုတ်ဝေသူကို လွှဲအပ်လေ့ရှိရာကနေ အကောင်းဆုံးဖြန့်ဝေနိုင်မှုအဖြစ် တဖန်ပြောင်းလဲလာတာပါ။ Internet မှ ဖြန့်ဝေနိုင်လာတဲ့ သိသာတဲ့အပြောင်းအလဲမှာ ထုတ်ဝေခွင့်ဆိုင်ရာ မူပိုင်ခွင့်တွေဟာ စာရေးသူကိုယ်တိုင်ရရှိလာပြီး သူ့ရဲ့တီထွင်ဖန်တီးမှုကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ သူကိုယ်တိုင်ဆုံးဖြတ်လာနိုင်ပါတယ်။ Creative Commons ဟာ ရေးသားသူတွေကို ဒီလိုရိုးရှင်းတဲ့ ယုံကြည်စိတ်ချရတဲ့ တရားဝင်မှုတွေဖော်ပြနိုင်ဖို့ အခွင့်အရေးတွေပေးသလို တဘက်မှာလည်း အတွေးအမြင်တွေဖလှယ်ဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ ကူညီထောက်ပံ့မှု Contribution လေးဖြစ်နိုင်ဖို့လည်း အားပေးပါတယ်။ ရေးသူတွေဟာ မူပိုင်ခွင့်အားလုံးကို အခြားသူတွေကို လိုအပ်သလို လွှဲပြောင်းပေးနိုင်တဲ့ သမားရိုးကျမူပိုင်ခွင့်ပုံစံနှင့်မတူတဲ့ Creative Commons  နည်းလမ်းမှာ ရေးသူတွေဟာ သူ့ရဲ့ဖန်တီးမှုကို အများအတွက် အသုံးပြုခွင့်ပေးတဲ့အခါ အချို့အချက်တွေ Features တွေကို ရွေးချယ်ခွင့်ပြုနိုင်ပြီး ပိုမိုရွေးချယ်လေ လိုင်စင်ကို ပိုမိုကန့်သတ်လေ ပုံစံမျိုးပါ။

            CC ရဲ့ “Choose a License” Principle ဟာ တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုအတွက် ရေးသူကို အဆင့်ဆင့်မေးမြန်းပြီးတဲ့နောက် သင့်လျော်တဲ့ အကြံပြုလိုင်စင် Recommended License ထုတ်ပေးပြီး သူ့ရဲ့ဖန်တီးမှုမှာ စာသားတွေ ပုံတွေအနေဖြင့် နောက်ဆုံးထည့်ပေးနိုင်တာမျိုးပါ။

            ပိုမိုနားလည်နိုင်ဖို့အတွက် CC ကပေးတဲ့ လိုင်စင်တွေနှင့် ပေါင်းစပ်မှုတွေကို ကြည့်ကြရအောင်ပါ။

 CC BY (“Attribution”)

            မူရင်းရေးသူကိုဖော်ပြပေးနေသမျှ မည်သူမဆို ပြင်ဆင်ခွင့်၊ ပြန်လည်ဖြန့်ဝေခွင့်ပြုတဲ့ လွတ်လပ်စွာ အသုံးပြုခွင့်လိုင်စင်ပါ။

CC BY-SA (“Attribution-ShareAlike”)

            ပြုပြင်ဖန်တီးလိုက်တဲ့အပိုင်းမှလွဲပြီး CC BY ကဲ့သို့ပင် တူညီသောလိုင်စင်အနေဖြင့်ပဲ ပြန်လည်ဖြန့်ဝေခွင့်ပါ။ ဒါဟာ Copyleft လိုင်စင်လိုပါပဲ။

CC BY-ND (“Attribution-NoDerivatives”)

            CC BY ကဲ့သို့ပဲ မပြုပြင်ဘဲ ယူသုံးထားတဲ့အပိုင်းကိုပဲ သက်ရောက်ပါတယ်။

CC BY-NC (“Attribution-NonCommercial”)

            မူရင်းရေးသူကိုဖော်ပြပြီး ပြုပြင်တာတွေ ပြန်လည်ဖြန့်ဝေတာတွေကို စီးပွါးရေးအရ အကျိုးအမြတ်အရမဟုတ်တဲ့ အခြေအနေတွေအတွက်ပဲ အသုံးပြုခွင့်ပေးတာပါ။

CC BY-NC-SA (“Attribution-NonCommercial-ShareAlike”)

            Copyleft လို လိုင်စင်ဖြစ်ပြီး BY-NC ကဲ့သို့ပဲ တူညီတဲ့အခြေအနေမှာ ပြုပြင်ဖန်တီးထားတဲ့အပိုင်းမှလွဲပြီး ပြန်လည်မျှဝေခွင့်ပြုတာပါ။

CC BY-NC-ND (“Attribution-NonCommercial-NoDerivatives”)

            ကန့်သတ်ချက်အများဆုံးလိုင်စင်ဖြစ်ပြီး စီးပွါးရေးအရ အကျိုးအမြတ်အရ မဟုတ်တဲ့ အခြေအနေတွေမှာ မူရင်းရေးသားသူကိုဖော်ပြပြီး  ပြုပြင်ပြောင်းလဲခြင်းမပြုဘဲ ပြန်လည်ဖြန့်ဝေခွင့်ပါ။