1.3 Open Source Software and Licensing: (3) Licenses: Copyleft

Share this article to...

Copyleft

            Linux Kernel လို Projects များစွာမှာ အသုံးပြုတဲ့ Free Software တွေအတွက် အရေးအကြီးဆုံး Licenses တွေထဲက တစ်ခုဖြစ်တဲ့ GNU General Public License (GPL) ကို Free Software Foundation (FSF) က ပုံဖော်ထားတာကို ဖော်ပြခဲ့ပြီးပါပြီ။ အဲ့ဒီအပြင် Public ပြင်ပကိုဖော်ထုတ်လို့မရတဲ့ ပြုပြင်ဖန်တီးထားတဲ့ Source Code တွေနှင့် Free Software တွေရဲ့ပေါင်းစပ်မှုအတွက် GNU Lesser General Public License (LGPL)၊ မူလလက်ခံ ဆော့ဖ်ဝဲလ် (Hosted Software) ကို အသုံးပြုခွင့်ရောင်းချခြင်းဆိုင်ရာ GNU Affero General Public License (AGPL)၊ ဆော့ဖ်ဝဲလ်အသုံးပြုနည်း Software Documentation ကိုလွတ်လပ်စွာအသုံးပြုခွင့်အဖြစ် ထပ်မံဖြည့်သွင်းထားတဲ့ GNU Free Documentation License (FDL) စတဲ့ လိုင်စင်များစွာကိုလည်း ထုတ်ထားပါတယ်။ Third-party Licenses တွေအတွက် ထောက်ခံပေးတာ (သို့) ဆန့်ကျင်တာတွေပြုလုပ်ပြီး GPL-Violations.org လို မိတ်ဘက် Projects တွေကလည်း သံသယရှိစရာ Free Licenses ချိုးဖောက်မှုတွေအတွက် စုံစမ်းမှုတွေလုပ်ပါတယ်။

         FSF ဟာ Software တွေရဲ့ ပြုပြင်ဖန်တီးထားတဲ့ အသွင်ကွဲပုံစံတွေအတွက် Free License ကို Copyleft လို့ခေါ်ပြီး အဲ့ဒါနှင့်ဆန့်ကျင်ဘက် ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပေးတဲ့ တားမြစ်ပိတ်ပင်တဲ့ လိုင်စင်ကတော့ Copyright ပါ။ ရည်ရွယ်တာကတော့ Software License တစ်ခုရဲ့ မူလလိုင်စင်အတိုင်း ထပ်မံတားဆီးမှုတွေမရှိဘဲ လေးစားလိုက်နာနိုင်ကြဖို့ပါပဲ။ ပြောရတာတော့ ထင်ရှားရှင်းလင်းပုံရပေမယ့် တကယ့်လက်တွေ့မှာတော့ ရှုပ်ထွေးလှပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ဆက်တွဲပြုပြင်မှုတွေရှိတဲ့အခါ Copyleft ကို လှုပ်ရှားပြောင်းလဲနေတဲ့ Viral အဖြစ် ဝေဖန်ကြပါတယ်။  ဆိုလိုတာက မတူညီတဲ့ Copyleft Licenses တွေရှိနေတဲ့ Software Components နှစ်ခုဟာ ထပ်မံထွက်ပေါ်လာမယ့် Software Product အတွက် လိုင်စင်တွေကို တပြိုင်တည်းလွှဲပြောင်းအသုံးပြုလို့လည်း မရတာမို့ တစ်ခုနှင့်တစ်ခု ပေါင်းစပ်လို့မရနိုင်ပါဘူး။ လိုင်စင်တစ်ခုတည်းရဲ့ မတူညီတဲ့ပုံစံအမျိုးမျိုးအတွက်လည်း အလားတူပါပဲ။

         ထို့အတွက် လိုင်စင်အသစ်တွေ (သို့) အသွင်ကွဲပုံစံအမျိုးမျိုးတို့ဟာ Copyleft တွေ မဖြစ်ကြတော့ပါဘူး။ ဖော်ပြခဲ့ပြီးတဲ့ GNU Lesser General Public License (LGPL) ဟာ Free Software နှင့် Non-free Components တွေ တွဲစပ်ပြီးဖန်တီးထားတဲ့ Libraries တွေအတွက်ပါ။ Libraries တွေမှာ Programs အမျိုးမျိုးကအသုံးပြုမယ့် Routines (or) Subroutines တွေပါဝင်ပါတယ်။ အဲ့ဒါကြောင့်ပဲ Proprietary Software ကနေ Free Library Subroutine ကိုလှမ်းခေါ်တာမျိုးတွေ အတွေ့ရများတာပါ။