1.3 Open Source Software and Licensing: (2) Open Source Software vs. Free Software

Share this article to...

(2) Open Source Software vs. Free Software

         အများအားဖြင့်တော့ Free Software နှင့် Open Source Software ဆိုတာ ခပ်ဆင်ဆင်ပါပဲ။ Free and Open Source Software တွေအတွက် FOSS လို့လည်း မကြာခဏသုံးစွဲခေါ်ဝေါ်လေ့ရှိကြတာဟာလည်း သူတို့ရဲ့ဆင်တူတာကြောင့်ပါ။ Free/Libre and Open Source Software (FLOSS) ဆိုတာ English မဟုတ်တဲ့ အခြားဘာသာစကားတွေအတွက်ပါ လွတ်လပ်စွာဖန်တီးမှုစိတ်ကူးပေါ်မှာ အဓိကထားတဲ့ နာမည်ကျော်အသုံးအနှုန်းတစ်ခုပါပဲ။ သို့ပေမယ့်လည်း အသုံးအနှုန်းတွေရဲ့ မူလအစနှင့် တီထွင်ဖန်တီးမှုတွေကို ကြည့်မယ်ဆိုလျင်တော့ မတူကွဲပြားမှုတွေရှိနေပါတယ်။

        ၁၉၈၅ မှာ Richard Stallman စတင်ခဲ့တဲ့ GNU Project နှင့်အတူ သူဖော်ပြခဲ့တဲ့ လွတ်လပ်မှု စံသတ်မှတ်ချက် (၄)ခုဖြင့် Free Software ရဲ့  အဓိပ္ပာယ်ဖွင့်ဆိုမှုတွေဟာ Linux မပေါ်ပေါက်ခင် ၁၀နှစ်နီးပါးလောက်မှာဖြစ်ခဲ့တာပါ။ “GNU is not Unix” ဆိုတဲ့ အမည်ဟာလည်း လူတွေရဲ့အာရုံကို ချက်ချင်းဖမ်းစားနိုင်ခဲ့ပြီး Unix OS ကို နည်းပညာအရယှဥ်ပြိုင်ပြီး အစမှတီထွင်ဖန်တီးကြဖို့ အများပါဝင်ဖန်တီးနိုင်ဖို့နှင့်အတူ အဆက်မပြတ်ပိုမိုကောင်းမွန် တိုးတက်စေဖို့တို့အတွက် စတင်ခဲ့တာပါ။ အဲ့ဒီအတွက် Source Code ဖော်ပြပေးမှုဟာ နည်းပညာအရရော အဖွဲ့အစည်းဆိုင်ရာအရပါ အဓိကလိုအပ်ချက်ဖြစ်ခဲ့ပေမယ့် Free Software Movement ရဲ့ ကိုယ်ပိုင်ပုံရိပ်ဟာ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ (တချို့လည်း စိတ်ကူးသက်သက်ပါလို့ပြောကြတဲ့) အရွေ့တစ်ခု ဖြစ်နေဆဲပါ။

       Linux ရဲ့အောင်မြင်မှုနှင့်အတူပဲ Internet ပေါ်မှာ ပေါင်းစည်းလုပ်ဆောင်နိုင်မှုတွေ၊ Open Source ပုံစံအသစ်ဖြင့်ထွက်ပေါ်လာတဲ့ Projects and Companies ထောင်ပေါင်းများစွာတွေကြောင့် လူမှုရေးရှုထောင့်ဆိုင်ရာအရွေ့ဟာ လျင်လျင်မြန်မြန်ပဲ နောက်ကွယ်ကိုရောက်သွားပါတော့တယ်။ နည်းပညာဆိုင်ရာ လိုအပ်ချက်ရှိနေရာမှ သတ်မှတ်ဖြေရှင်းထားတဲ့အသွင်သို့ ကူးပြောင်းလာစေတဲ့ Source Code ဖွင့်ဟမှု Openness ဟာ ဖော်ထုတ်ဖွင့်ဟလိုက်တာနှင့်တပြိုင်နက် အဲ့ဒီ Software ကို Open Source လို့သတ်မှတ်လိုက်တာပါ။ ယခုလို လူမှုအကျိုးပြု အားတက်စေမှုလေးဟာ Software တီထွင်ဖန်တီးမှုတွေအတွက် ပိုပြီးလက်တွေ့ကျတဲ့ နည်းလမ်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။  

       Free Software and Open Source Software တွေဟာ တစ်ဦးချင်းတွေအလိုက်၊ Projects and Companies တွေအလိုက် ကမ္ဘာ့အသိုက်အဝန်းကြီးတစ်ခုပုံစံဖြင့် တူညီတဲ့အကြောင်းအရာတွေနှင့် တူညီတဲ့နည်းလမ်းတွေပေါ်မှာ လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။ သို့ပေမယ့်လည်း မတူညီတဲ့ဦးတည်ချက်တွေ (လူမှုရေးနှင့် နည်းပညာဆိုင်ရာလက်တွေ့ကျမှုတွေ) ရှိကြတာမို့ ရှုပ်ထွေးမှုအလွဲလေးတွေတော့ရှိပါတယ်။ အဲ့ဒီလို Software နှစ်မျိုးလုံး ပေါင်းစပ်လုပ်ဆောင်မှုရဲ့ ရလဒ်ဟာ အရွေ့နှစ်ခုရဲ့ မူလပန်းတိုင်၊ ရည်ရွယ်ချက်တွေနှင့် မကိုက်ညီတဲ့အခါ အလွဲတွေပေါ်ထွက်လာတာပါ။ အထူးအားဖြင့် Software တွေဟာ Source Codes တွေကို ထုတ်ဖော်ထားပေမယ့် ဥပမာအားဖြင့် အခြား Software Components တွေနှင့်ပါ ဆက်စပ်ဖန်တီးကြတဲ့အခါ အဲ့ဒီ ဆက်စပ် Software တွေရဲ့ ပြောင်းလဲပြင်ဆင်ရေးသားခွင့်၊ ထုတ်ဖော်ခွင့်တွေမှာ အကန့်အသတ်တွေရှိတာကြောင့် Free Software တွေရဲ့ လွပ်လပ်မှုစံ (၄) ချက်ကို မလေးစား မလိုက်နာနိုင်ကြတော့လို့ပါပဲ။

       ရရှိနိုင်တဲ့ Software အတွက် License ကိုဖော်ပြတဲ့အခါ မည်သို့သော အခြေအနေမှာ အသုံးပြုမယ်၊ ဖြန့်ဝေမယ်၊ ပြုပြင်မယ်ဆိုတာတွေ ပါပါမယ်။ လိုအပ်ချက်တွေ၊ ပြုပြင်အသုံးပြုဖို့ အားတက်စေမှုတွေ မတူညီကြတာကြောင့် FOSS နယ်ပယ်မှာ မရေမတွက်နိုင်တဲ့ Licenses တွေအမျိုးမျိုးရှိနေပါတယ်။ Free Software အရွေ့ရဲ့ ပိုပြီးအခြေခံကျတဲ့နည်းလမ်းကြောင့် Open Source Licenses တော်တော်များများကို Free အဖြစ်အသိအမှတ်မပြုကြတာဟာ အံ့ဩစရာမဟုတ်ဘဲ  ငြင်းပယ်ခံကြရတာပါ။ အခြားတစ်ဘက်က ဖော်ပြရလျင်တော့ ပိုမိုလက်တွေ့ကျတဲ့ Open Source နည်းလမ်းကြောင့်ပဲ အဲ့ဒီလိုအဖြစ်တွေ နည်းပါးလာပါပြီ။

       တကယ်ပဲ ရှုပ်ထွေးလှတဲ့နယ်ပယ်ဖြစ်တဲ့ Licenses တွေအကြောင်း အကျဥ်းချုပ်လေးကိုတော့ လာမယ့် သောကြာနေ့မှာ ဆက်လက်ဖတ်ရှုကြရအောင်ပါနော်။