1.2 Major Open Source Applications: Package Installation and Removal

Share this article to...

RPM Packages အခြေခံတဲ့ Distributions တွေမှာတော့ Package တွေရှာတဲ့အခါ yum search package_name or dnf search package_name Command တွေသုံးပါတယ်။ စာသားတွေကို ကာတွန်းဆန်ဆန်ရုပ်ပုံလေးတွေနှင့် ဖော်ပြပေးတတ်တဲ့ Package လေးတစ်ခု အသုံးပြုလိုပေမယ့် နာမည်အတိအကျတော့ မမှတ်မိလို့ ရှာချင်တာဆိုပါတော့။ DEB Packages တွေမှာလိုပဲ RPM Search Command ကို သုံးပါမယ်။

Repository မှာ သင့်တော်တဲ့ Package ကိုတွေ့ပြီဆိုတာနှင့် yum install package_name or dnf install package_name Command တွေကို အသုံးပြုပြီး Install ပြုလုပ်နိုင်ပါတယ်။

Install ပြုလုပ်လိုသော Package နှင့်အတူ လိုအပ်သမျှ Dependencies များအားလုံးကိုပါ တပါတည်း Download ဆွဲယူပြီး Install ပြုလုပ်သွားပါတယ်။

ယခုခါမှာတော့ cowsay Command ကို Package နာမည်မှာပါတဲ့အတိုင်း နွားရုပ်ပုံလေးနှင့်အတူ Command မှာ ထည့်ပေးလိုက်တဲ့ စာသားလေးတွေ ရွေးထားတဲ့ ရုပ်ပုံလေးတွေကိုပါ မြင်နိုင်ပါပြီ။

figlet နှင့် cowsay Commands လေးတွေက အသုံးမဝင်နိုင်ပါဘူးလို့ ဆိုနိုင်ပေမယ့် သက်ဆိုင်ရာ သတင်းအချက်အလက်တွေပေးဖို့အတွက် အသုံးပြုသူတစ်ချို့ကိုတော့ အာရုံဆွဲယူဖမ်းစားနိုင်ပါတယ်။

Package Removal

            Package Installation အတွက် အသုံးပြုတဲ့ Command တွေလိုပုံစံမျိုးနှင့်ပဲ Package တွေကို ပြန်လည်ဖယ်ရှားဖို့ (Remove) အတွက်လည်း ပြုလုပ်နိုင်ပါတယ်။ Install ပြုလုပ်ခဲ့တဲ့ Package တွေကို ဖယ်ရှားဖို့ DEB Packages များအတွက် apt-get remove package_name or apt remove package_name Commands များအသုံးပြုနိုင်ပြီး yum remove package_name or dnf remove package_name Commands များကိုတော့ RPM Packages များအတွက် အသုံးပြုပါတယ်။ ဖယ်ရှားတဲ့အခါ သာမန်အသုံးပြုသူ (Normal User) အနေနှင့်ဆိုပါက sudo Command ကိုပါ ထည့်သွင်းအသုံးပြုဖို့ လိုပါမယ်။ Superuser,  System Administrator or Root User သာ အသုံးပြုခွင့်ရှိတဲ့ အချို့သော Command တွေကို  အသုံးပြုမည် Run မည်ဆိုပါက Superuser do အဖြစ်နှင့် Superuser ပြုလုပ်သလို ပြုလုပ်နိုင်ဖို့ Run နိုင်ဖို့အတွက် sudo Command ကို ထည့်သွင်းအသုံးပြုရတာပဲဖြစ်ပါတယ်။ DEB-based Distribution တွေမှာ ထည့်သွင်းခဲ့ဖူးတဲ့ figlet Package ကို ဖယ်ရှား (Remove) ဖို့အတွက် ယခုလိုပဲ ပြုလုပ်ရမှာပါ။

ဆက်လက်ပြုလုပ်မည်ဆိုတာ သေချာပြီး အတည်ပြုပြီးပါက Linux System ထဲကနေ အဆိုပါ Package ကို ဖယ်ရှားသွားမှာပဲဖြစ်ပါတယ်။

RPM-based System တွေပေါ်မှာလည်း အလားတူပဲ ပြုလုပ်နိုင်ပါတယ်။ Install ပြုလုပ်ခဲ့ဖူးတဲ့ cowsay Package ကို RPM-based Distribution တစ်ခုမှ ဖယ်ရှားဖို့အတွက် ယခုလိုပဲ ပြုလုပ်ပါတယ်။

         အတည်ပြုပြီးတာနှင့် Package ကို ဖယ်ရှားလိုက်ပါပြီ။

            ဖယ်ရှားလိုက်တဲ့ Packages တွေရဲ့ Configuration Files တွေကိုတော့ နောက်တကြိမ် ပြန်လည်ထည့်သွင်းတဲ့အခါ အသုံးပြုနိုင်အောင် မဖျက်ဘဲ ချန်ထားပါတယ်။