1.2 Major Open Source Applications: Office Applications & Web Browsers

Share this article to...

Office Applications

            ရုံးလုပ်ငန်းသုံး Office Applications များကို ရုံးလုပ်ငန်းတွေမှာ အသုံးပြုလေ့ရှိတဲ့ စာစီစာရိုက်ဖို့၊ ရှင်းလင်းတင်ပြဖို့၊ စာရင်းဇယားတွေပြင်ဆင်ဖို့နှင့် အခြားပုံစံအမျိုးမျိုးဖြင့်လည်း အသုံးပြုကြပါတယ်။ ယခုလို တစုတစည်းထဲရှိတတ်တဲ့ Applications တွေကို Office Suites လို့ခေါ်ပါတယ်။

         Linux မှာ အသုံးအများဆုံး Office Suite ကတော့ OpenOffice.org Suite ဖြစ်နေခဲ့တာကြာပါပြီ။ Sun Microsystems မှထုတ်တဲ့ StarOffice Suite ရဲ့ Open Source Version လည်းဖြစ်ခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာ Sun ကို Oracle Corporation မှ ရယူပြီးတဲ့နောက် အဲ့ဒီ Project ကို Apache Foundation သို့လွှဲပြောင်းပြီး Apache OpenOffice လို့နာမည်ပြောင်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ Same Source Code ကို အခြေခံတဲ့ အခြား Office Suite တစ်ခုဟာ LibreOffice အမည်နှင့်  Document Foundation မှ Project တစ်ခုအဖြစ် ပေါ်ထွက်လာပါတော့တယ်။

အဲ့ဒီ Projects နှစ်ခုလုံးဟာ Microsoft Office မှ Document Formats တွေနှင့် ကိုက်ညီမှုရှိတဲ့ အခြေခံ Features တွေ ပါဝင်ပါတယ်။ Fully Open နှင့် ISO Standardized File Format ဖြစ်တဲ့ Open Document Format (odf) အသုံးပြုပါတယ်။ ODF Files ပုံစံဟာ Microsoft Office လိုမျိုး Different Vendors တွေမှ ထုတ်လုပ်တဲ့ OS and Applications တွေကြားမှာပါ အဆင်ပြေစွာ အသုံးပြုလို့ရစေပါတယ်။

OpenOffice/LibreOffice မှထုတ်တဲ့ Main Applications တွေကို ဖော်ပြပါမယ်။

Writer Text Editor
Calc Spreadsheets
Impress Presentations
Draw Vector Drawing
Math Math Formulas
Base Database

         LibreOffice နှင့် Apache OpenOffice တို့ဟာ Open Source Software တွေဖြစ်ပေမယ့် LibreOffice ဟာ LGPLv3 လိုင်စင်ဖြစ်ပြီး Apache OpenOffice ကတော့ Apache License 2.0 လိုင်စင်ဖြစ်ပါတယ်။ လိုင်စင်ကွဲပြားတာဟာ Apache OpenOffice ရဲ့ တိုးတက်ပြောင်းလဲမှုတွေကို LibreOffice မှာ ထည့်သွင်းနိုင်ပြီး LibreOffice ရဲ့  အပြောင်းအလဲတွေကိုတော့ Apache OpenOffice မှာ ပါဝင်ထည့်သွင်းအသုံးပြုနိုင်ခြင်း မရှိပါဘူးလို့ ဆိုလိုပါတယ်။ အဲ့ဒါကြောင့်ပဲ ပိုပြီးတက်ကြွလှုပ်ရှားမှုရှိတဲ့ Developers Community ရှိတဲ့ LibreOffice ကို Distributions အများစုမှာ သူတို့ရဲ့ Default Office Suite အဖြစ်နှင့် လက်ခံသုံးစွဲကြပါတယ်။

Web Browsers

         ကွန်ပျူတာအသုံးပြုသူ အများစုရဲ့ အဓိကရည်ရွယ်ချက်ကတော့ Internet အသုံးပြုလိုလို့ပဲဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာတော့ Web စာမျက်နှာတွေဟာ အခြား Software တွေထပ်မံထည့်သွင်းဖို့မလိုဘဲ မည်သည့်နေရာမှမဆို ခေါ်ယူကြည့်ရှုနိုင်တဲ့ ပြည့်စုံတဲ့ Application အဖြစ်ရှိနေပါပြီ။ ဒါကြောင့်ပဲ Web Browser တွေဟာ အနည်းဆုံးတော့ သာမန်အသုံးပြုသူတွေအတွက် OS ရဲ့ အရေးအကြီးဆုံး Application ဖြစ်လာပါတော့တယ်။

Tip: Web Development ဆိုင်ရာ လေ့လာသင်ယူမှုအတွက် အကောင်းဆုံးတွေထဲက တစ်ခုကတော့ https://developer.mozilla.org/ မှာ ရနိုင်တဲ့ MDN Web Docs ပဲဖြစ်ပါတယ်။ Mozilla ကဖန်တီးထားတဲ့ အဲ့ဒီ Site မှာ စတင်လေ့လာသူတွေနှင့် ဆက်လက်လေ့လာနေသူတွေအတွက် ခေတ်အမီဆုံး Web Technologies ဆိုင်ရာ လေ့လာစရာတွေ များစွာရှိပါတယ်။

         Google Chrome နှင့် Mozilla Firefox တို့ဟာ Linux Environment မှာ အဓိကကျတဲ့ Web Browsers တွေပဲဖြစ်ပါတယ်။ Chrome ကတော့ Google မှ ထုတ်လုပ်တာဖြစ်ပြီး Distribution ရဲ့ Package Manager ကနေ Install ပြုလုပ်နိုင်တဲ့ Chromium လို့ခေါ်တဲ့ Open Source Browser ကို အခြေခံထားပါတယ်။ Non-profit Organization တစ်ခုဖြစ်တဲ့ Mozilla ကထုတ်လုပ်တဲ့ Firefox ရဲ့ မူလအစကတော့ Open Source Model ကို လက်ခံအသုံးပြုတဲ့ ပထမဆုံး နာမည်ကျော် Web Browser ဖြစ်တဲ့ Netscape နဲ့ ဆက်စပ်ပါတယ်။ Mozilla Foundation ဟာ Modern Web ဆိုင်ရာ Open Standards ဖန်တီးမှုတွေမှာ နက်ရှိုင်းစွာပါဝင်လျက်ရှိပါတယ်။

         Mozilla ဟာ E-mail Client Application တစ်ခုဖြစ်တဲ့ Thunderbird လိုမျိုး အခြား Applications များစွာကိုလည်း တီထွင်ဖန်တီးထားပါတယ်။ အသုံးပြုသူအများစုဟာ Email Application တွေအစား Web Browser များနှင့် အသုံးပြုရတဲ့ Webmail တွေကို ရွေးချယ်ကြပေမယ့် Thunderbird ဟာ Desktop Computer ပေါ်မှာသုံးနေတဲ့ အခြား Application တွေနှင့်လည်း အကောင်းဆုံး ပူးတွဲအသုံးပြုနိုင်တဲ့ Extra Features တွေလည်းရနိုင်တဲ့ Client Application ပဲဖြစ်ပါတယ်။