1.2 Major Open Source Applications: Network Administration

Share this article to...

Network Administration

            Network ချိတ်ဆက်မှုအဆင်ပြေမှပဲ ကောင်းစွာအလုပ်လုပ်မှပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေအချင်းချင်း ဆက်သွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Network ရရှိနိုင်မှုကို စစ်ဆေးတာ၊ စတင်တာတွေအတွက် Router ပေါ်မှာရှိနေတဲ့ အလုပ်လုပ်နေတဲ့ ပရိုဂရမ်တွေကပဲ Network Configuration ကို လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အခြေခံကျတဲ့ Network Services နှစ်ခုကတော့ Dynamic Host Configuration Protocol (DHCP) နှင့် Domain Name System (DNS) တို့ပါပဲ။

         DHCP Service ဟာ Host တခု ကွန်ပျူတာတလုံးက Network ကြိုး (Network Cable) ကို အသုံးပြုပြီးချိတ်ဆက်ထားတဲ့ Wired Network မှာ ဝင်ရောက်ချိတ်ဆက်လိုက်တာနှင့် (သို့) ကြိုးမဲ့ကွန်ယက် Wireless Network မှာ ချိတ်ဆက်မယ့်ပစ္စည်း Device တစ်ခုရောက်ရှိလာတာနှင့် IP Address ချထားပေးတာ သတ်မှတ်ပေးတာပါ။ Internet ကို ချိတ်ဆက်တဲ့အခါ Internet Service Provider (ISP) ရဲ့ DHCP Server ကပဲ တောင်းဆိုလာတဲ့ Device အတွက် IP Address သတ်မှတ်ပေးပါတယ်။ အိမ်တွင်းရုံးတွင်း ကွန်ယက်ချိတ်ဆက်မှု (Local Area Networks – LANs) တွေအတွက်လည်း ချိတ်ဆက်ထားသမျှ Device အားလုံးအတွက် IP Addresses တွေ အလိုအလျောက် (Automatically) ချပေးဖို့ သတ်မှတ်ပေးဖို့အတွက် DHCP ဟာ အလွန်ပဲ အရေးပါလှပါတယ်။ DHCP ကို ကောင်းစွာ Configuration မလုပ်ထားတာ (သို့) ကောင်းကောင်းအလုပ်မလုပ်နေတာ ဆိုလျင်တော့ Network ချိတ်ဆက်ထားတဲ့ Device တစ်ခုချင်းစီအတွက်  IP Address ကို Network Administrator ကိုယ်တိုင်ကပဲ Manually သတ်မှတ်ပေးဖို့လိုမှာပါ။ အဲ့ဒီလို Manually သတ်မှတ်ပေးဖို့ဆိုတာ Large Networks တွေမှာသာမက Small Networks တွေမှာပါ လက်တွေ့မကျလှပါဘူး။ လွယ်ကူမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ Network Routers အများစုမှာ DHCP Server ကို ကြိုတင်ထည့်သွင်းပေးလာကြတာပါ။

         IP Network တခုမှာ Device တစ်ခုနှင့်တစ်ခုချိတ်ဆက်ဖို့အတွက် IP Address လိုအပ်ပေမယ့် အသုံးပြုသူတွေအတွက်ကတော့ www.lpi.org လိုမျိုး Domain Names တွေကပဲ 203.0.113.165 လို IP Number (Address) တစ်ခုကို မှတ်သားရတာထက် ပိုမိုလွယ်ကူလှပါတယ်။ Network Communication လုပ်ဆောင်ဖို့အတွက် Domain Name တစ်ခုတည်းနှင့်လည်း မလုပ်ဆောင်နိုင်ပါဘူး။ အဆင်မပြေပါဘူး။ ဒါကြောင့်ပဲ DNS Server မှ Domain Name ကနေ IP Address အပြန်အလှန်ပြောင်းလဲပြီး Translate လုပ်ဆောင်ဖြေရှင်းပေးတာပါ။ DNS Server ရဲ့ IP Address ကို ISP ရဲ့ DHCP Server ကနေ သတ်မှတ်ထည့်ပေးလိုက်ပြီးတဲ့အခါမှာတော့ ချိတ်ဆက်နေတဲ့ Systems အားလုံးအတွက် Domain Names တွေကနေ IP Address တွေကို ပြောင်းလဲပေးပါတော့တယ်။         

Setup Page of Cisco Router

         DHCP နှင့် DNS Settings တွေကို Router ရဲ့ Web Interface ကနေ လိုအပ်သလို ပြုပြင်နိုင်ပါတယ်။ ဥပမာအားဖြင့် သိထားတဲ့ စိတ်ချရတဲ့ Known Devices တွေကို IP Addresses တွေပေးမယ်လို့ သတ်မှတ်လို့ရသလို အချို့သောပစ္စည်းတွေ (Devices) အတွက် မပြောင်းလဲတဲ့ ကွန်ယက်လိပ်စာ Fixed IP Address သတ်မှတ်လို့ရပါတယ်။ ISP က သတ်မှတ်ပေးလိုက်တဲ့ DNS Server ကိုပြောင်းလဲအသုံးပြုချင်တာမျိုးလည်း ရပါတယ်။ Google or OpenDNS တို့လိုမျိုး Third-party DNS Servers အချို့ဟာ တခါတရံမှာ ပိုမိုမြန်ဆန်ပြီး အပိုလုပ်ဆောင်ပေးမှုတွေ ရနိုင်တာမျိုးပါ။

Google Public DNS
openDNS