1.2 Major Open Source Applications: Multimedia & Server Programs

Share this article to...

Multimedia

            ရရှိနိုင်တဲ့ Web Applications တွေနှင့် နှိုင်းယှဥ်မည်ဆိုပါလျင် Desktop Computer များပေါ်မှာ အသုံးပြုနိုင်တဲ့ Desktop Applications တွေဟာ ရုပ်သံတည်းဖြတ် ဖန်တီးမှုတွေအတွက် အကောင်းဆုံးရွေးချယ်စရာ ဖြစ်နေဆဲပါ။ အဆင့်မြင့်တဲ့ Processors, Memory, Storage စတဲ့ System Resources တွေ များစွာလိုအပ်လေ့ရှိတဲ့ Video Rendering လိုမျိုး Multimedia ဆိုင်ရာ Activities တွေအတွက် Local Desktop Application တွေကပဲ အကောင်းဆုံးဖြစ်မှာပါ။ Linux Environment မှာ အသုံးများတဲ့ Multimedia Applications တွေကို ဖော်ပြလိုက်ပါတယ်။

BlenderAnimations တွေ ဖန်တီးဖို့အတွက် 3D Renderer Application ပါ။ 3D Printer ဖြင့် Print ထုတ်ဖို့အတွက် 3D Objects ပုံစံတွေရရှိဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
GIMPImages တွေအတွက် အလုပ်လုပ်ပေးနိုင်မယ့် ကိုယ်ပိုင် Concepts နှင့် Tools တွေပါဝင်တဲ့ Adobe Photoshop လိုမျိုး အပြည့်အဝလုပ်ဆောင်ပေးနိုင်တဲ့ Image Editor ပါ။ JPEG, PNG, GIF, TIFF နှင့် အခြား ပုံစံများစွာရှိတဲ့ Bitmap Files အများစုကို ဖန်တီးပြုပြင်သိမ်းဆည်းပေးနိုင်ပါတယ်။
InkscapeCorel Draw or Adobe Illustrator တို့လိုမျိုး Vector Graphics Editor လေးတစ်ခုပါ။ Vector Graphics တွေအတွက် Open Standard တစ်ခုဖြစ်တဲ့ SVG Default Format ပါ။ Vector Graphic ဖြစ်တာမို့ မည်သည့် Web Browser နှင့်မဆို ဖွင့်ကြည့်နိုင်ပြီး မည်သည့် Web Pages Layouts မှာမဆို အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။
AudacityAudio Editor တစ်မျိုးပါ။ MP3, WAV, OGG, FLAC စတဲ့ Audio Formats အမျိုးမျိုးတွေအကြားမှာ ဖိုင်ပုံစံပြောင်းလဲဖို့၊ Effects တွေ ပြုပြင်ထည့်သွင်းဖို့၊ ရှာဖွေစစ်ထုတ်ဖို့တွေအတွက် အသုံးပြုနိုင်ပါတယ်။
ImageMagickImage File Types အများစုကို ဖိုင်ပုံစံပြောင်းလဲဖို့၊ ပြုပြင်ဖို့အတွက် အသုံးပြုနိုင်တဲ့ Command Line Tool တစ်ခုပါ။ Image Files တွေကနေ PDF Documents တွေဖန်တီးနိုင်ဖို့ အပြန်အလှန်ဖိုင်ပုံစံ ပြောင်းလဲဖန်တီးနိုင်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

            Multimedia Playback အတွက် ရည်ရွယ်တဲ့ Applications တွေလည်း အများကြီးရှိပါသေးတယ်။ Video Playback အတွက် နာမည်ကြီး အသုံးအများဆုံးကတော့ VLC ဖြစ်ပေမယ့် အချို့တွေကတော့ Smplayer ကို ကြိုက်နှစ်သက်ကြတာလည်း ရှိပါတယ်။ Local Sound Files တွေကို ထိန်းချုပ်စီမံနိုင်တဲ့ Audacious, Banshee နှင့် Amarok လိုမျိုး ရွေးချယ်စရာတွေများတဲ့ Local Music Playback တွေလည်း များစွာရှိပါတယ်။

Server Programs

            Web Browser   တစ်ခုဟာ Website တစ်ခုကနေ Web Page တစ်ခုကိုဆွဲတင်လိုက်တယ် ဖွင့်လိုက်တယ်ဆိုတာ တကယ်တော့ Remote Computer တစ်လုံးကို ဆက်သွယ်လိုက်ပြီး သက်ဆိုင်ရာသတင်းအချက်အလက်ကို တောင်းဆိုလိုက်တာပါပဲ။ အဲ့ဒါဆိုရင် Web Browser ကို အသုံးပြုလိုက်တဲ့ Computer ကိုတော့ Client လို့ခေါ်ပြီး  Website တကယ်ရှိနေတဲ့ အဝေးမှာရှိတဲ့ Remote Computer ကိုတော့ Server လို့ခေါ်ပါတယ်။

            Server Computer ဆိုတာ သူဝန်ဆောင်မှုပေးမယ့် Information ပုံစံပေါ်မူတည်ပြီး ထိန်းချုပ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ Program လိုအပ်မယ့် Specialized Hardware (သို့မဟုတ်) သာမန် Desktop Computer ပါပဲ။ Web Pages တွေသိမ်းထားပေးတဲ့ ကမ္ဘာတစ်ဝန်းမှ Servers အများစုကတော့ Open Source Server Programs တွေကိုပဲ အသုံးပြုကြပါတယ်။ အဲ့ဒီ Server Program ကတော့ Hyper Text Transfer Protocol (HTTP) Server ပဲဖြစ်ပါတယ်။ အသုံးများကြတာတော့ Apache, Nginx နှင့် Lighttpd တွေပါပဲ။

            ရိုးရှင်းလှတဲ့ Web Pages တွေမှာတောင် Static Content (သို့) အမျိုးမျိုးသော နေရာတွေမှ အချက်အလက်တွေကို ဆွဲယူဖော်ပြပေးမယ့် Dynamic Content စတဲ့ သာမန်ဖိုင်တွေလိုမျိုး Web Requests တွေများစွာ လိုအပ်နိုင်ပါတယ်။ HTTP Server တစ်လုံးဟာ Hyper Text Markup Language (HTML) Document နှင့် အခြားအထောက်အကူပြုဖိုင်တွေကို စီစဥ်ပြင်ဆင်ပြီး တောင်းဆိုလာတဲ့ Requested Data (သို့) Web Pages တွေကို စုစည်းဖို့၊ Web Browser တွေဆီ ပြန်ပို့ပေးဖို့တွေကို လုပ်ဆောင်ပါတယ်။ ဒါကြောင့်ပဲ Web Page တစ်ခုကြည့်ရှုလို့ရတယ်ဆိုတာ Client Side လုပ်ဆောင်မှုတွေနှင့်အတူ Server Side ဆာဗာဘက်ခြမ်း လုပ်ဆောင်မှုတွေလည်း ပါဝင်နေတာပါ။ နှစ်ဘက်လုံးဟာ သက်ဆိုင်ရာအလုပ်တွေ ပြီးမြောက်ဖို့အတွက် ဖန်တီးပြုပြင်ထားတဲ့ Custom Scripts တွေ အသုံးပြုနိုင်ပါတယ်။ HTTP Server Side မှာ အတော်လေး အသုံးများတာက PHP Scripting Language ဖြစ်ပြီး JavaScript ကတော့ Client Side (Web Browser) ဘက်မှာ အသုံးများတဲ့ Scripting Language ပါ။

         Server Programs တွေဟာ Information အမျိုးအစားအားလုံးကို ပေးနိုင်ပါတယ်။ Server Program တစ်ခုဟာ အခြား Server Programs တွေမှလည်း လိုအပ်တဲ့ Information တွေကို တောင်းယူလေ့ရှိတတ်ပါတယ်။ Database Server တစ်ခုက ပေးတဲ့ Information ကို HTTP Server တစ်ခုက လိုအပ်မှာမျိုးပါ။

         ဥပမာအားဖြင့် သတင်းအချက်အလက်တွေ ပြောင်းလဲလှုပ်ရှားနေတတ်တဲ့ Dynamic Page တစ်ခုကို တောင်းဆိုခြင်းခံရတယ်ဆိုလျင် HTTP Server ဟာ လိုအပ်တဲ့ Information တွေအားလုံးကို စုစည်းနိုင်ဖို့အတွက် Database Server ကို ဆက်သွယ်တောင်းယူရလေ့ရှိပြီး ရရှိလာတဲ့ Dynamic Content ကို Client ကို ပြန်ပို့ပေးတာမျိုးပါ။ ထိုနည်းတူပါပဲ အသုံးပြုသူတစ်ယောက်ဟာ Website တစ်ခုပေါ်မှာ မှတ်ပုံတင်စာရင်းသွင်းတယ် အချက်အလက်တွေဖြည့်သွင်းတယ် Register ပြုလုပ်တယ်ဆိုလျင် HTTP Server ဟာ Client ဘက်က ပေးပို့လာတဲ့ အချက်အလက်တွေကို စုစည်းပြီး Database Server မှာ ပြန်လည်သိမ်းဆည်းပါတယ်။

         Database ဆိုတာကတော့ Information တွေကို စုစည်းသိမ်းဆည်းထားရာနေရာပါ။ Database Server မှာ Data ပမာဏအများအပြားကို လျင်လျင်မြန်မြန် ယုံကြည်စိတ်ချရစွာဖြင့် ဖတ်နိုင်၊ ရေးနိုင်၊ ရှာနိုင်၊ ချိတ်ဆက်နိုင်ဖို့ ပုံစံမျိုးနှင့် သိမ်းဆည်းထားတာပါ။ Internet ပေါ်မှာတင်မဟုတ်ဘဲ Applications များစွာမှာ Open Source Database Servers တွေကို အသုံးပြုကြပါတယ်။ Local Application တွေမှာပါ Local Database Server ကိုချိတ်ဆက်ပြီး Data တွေသိမ်းဆည်းထားနိုင်ပါတယ်။ အသုံးအများဆုံး Database Type ကတော့ Relational Database ဖြစ်ပြီး Data တွေကို ကြိုတင်သတ်မှတ်ထားတဲ့ Tables တွေထဲမှာ စုစည်းသိမ်းဆည်းထားပါတယ်။ အသုံးအများဆုံး နာမည်ကျော်ကြားတဲ့ Open Source Relational Databases တွေကတော့ MySQL ကနေ စတင်လာခဲ့တဲ့ Maria DB နှင့် PostgreSQL တို့ပဲဖြစ်ပါတယ်။