အခုတပတ်မှာတော့ EC2 Linux Instance လေးတစ်ခု ဖန်တီးမယ့်…
Hands-on-Lab လေးတခု လုပ်ပါမယ်…
(Amazon EC2 ဆိုတာ ဘယ်လိုမျိုးလဲ? ဆိုတဲ့ ဆောင်းပါးလေးလည်း ရှေ့မှာရေးခဲ့ဖူးပါတယ်)
Amazon Elastic Compute Cloud (Amazon EC2) ဆိုတာ ဘယ်လို Workload အတွက်ပဲဖြစ်ဖြစ် လုံခြုံစိတ်ချရတဲ့ လိုသလိုအတိုးအလျော့ပြုလုပ်နိုင်တဲ့ Compute Capacity ပါ။ ယုံကြည်စိတ်ချရပြီး လိုအပ်တဲ့အချိန်မှာ On Demand အတိုးအလျော့ပြုလုပ်လို့ရတဲ့ Infrastructure Access ရရှိစေမှာပါ။ EC2 Instance ဟာ AWS Cloud ထဲမှာရှိတဲ့ Virtual Server ပါပဲ။ Linux Instance လေးတစ်ခုကို ဘယ်လိုစယူမလဲ (Launch)၊ ဘယ်လိုချိတ်ဆက်မလဲ (Connect)၊ ဘယ်လိုအသုံးပြုမလဲ (Use) ဆိုတာလေးတွေကို အဆင့်ဆင့် ပြောပြသွားပါမယ်။
AWS Account ဆောက်လိုက်ပြီဆိုတာနှင့် AWS Platform, Products တွေနှင့် Services တွေ တော်တော်များများကို AWS Free Tier Access အဖြစ်၊ တလလျှင် နာရီပေါင်း (၇၅၀) ဖြင့်၊ (၁၂) လစာ အခမဲ့အသုံးပြုခွင့်ရပါပြီ။ EC2 Instance လေး စတင်ဖန်တီးလို့ရပါပြီ။
Overview
အခုဖန်တီးမယ့် Instance Lab လေးမှာ Amazon EBS-backed Instance ပုံစံလေး ယူပါမယ်။ ဆိုလိုတာက Root Volume ကို EBS Volume ယူမှာပါ။ Availability Zone (AZ) ကို မိမိတို့နှစ်သက်ရာ နီးစပ်ရာ အေဇီ (AZ) ထားနိုင်ပါတယ်။ Availability Zones တွေဆိုတာ US East (Northern Virginia), US West (Northern California), Europe (Frankfurt), Asia Pacific (Singapore) စတဲ့ Regions တွေထဲမှ Infrastructure Access ရရှိနိုင်မယ့် Data Centers တွေ ရှိရာနေရာပါ။ AZ တစ်ခုဟာ Redundant Power, Networking နှင့် Connectivity တွေရှိတယ့် သီးခြားစီတည်ရှိနေမယ့် တခု (သို့) တခုထက်ပိုတဲ့ Data Center(s) တွေပါပဲ။ Region ကတော့ Geographic Area တစ်ခုမှာ AWS Resources တွေ ရှိနေမယ့် နေရာပါ။ Region တခုစီကို Fault Tolerance, Stability, နှင့် Resilience တွေ ရဖို့၊ ကြန့်ကြာမှု Latency တွေ လျော့ကျဖို့တွေအတွက် တခုနှင့်တခု မှီခိုမှုမရှိစေဘဲ လွတ်လပ်စွာ သီးခြားစီခွဲထားပါတယ်။
Instance စတင် Launch လုပ်တဲ့အခါ ကိုယ့်ရဲ့ Identity ကို သက်သေပြဖို့ Key Pair သတ်မှတ်တာ၊ Incoming နှင့် Outgoing Traffic တွေကို ထိန်းချုပ်ဖို့အတွက် Virtual Firewall အဖြစ် Security Group သတ်မှတ်တာတွေဖြင့် ကိုယ့်ရဲ့ Instance ကို လုံခြုံစိတ်ချရစေပါတယ်။ Launched Instance ကို Connect လုပ်တဲ့အခါမှာ Launch Step မှာ သတ်မှတ်ရယူခဲ့တဲ့ Key Pair မှ Private Key ကို ပြန်သုံးရမှာပါ။
Launch an Instance, Connect to your Instance and Clean up
AWS Management Console အသုံးပြုပြီး Linux Instance တခု Launch, Connect, Terminate ပြုလုပ်ပုံအဆင့်ဆင့်ကို IAT Youtube Channel – Video မှာ ဖော်ပြသွားပါမယ်။ ဒီ Hands-on-Lab လေးဟာ AWS Certified Cloud Practitioner Course ရဲ့ တစိတ်တပိုင်းဖြစ်ပြီး Cloud Journey မှာ မပါမဖြစ် သိထားဖို့လိုအပ်တဲ့ စတင်ကြရမယ့် အခြေခံလေးလည်း ဖြစ်ပါတယ်။
နောက်ထပ်မျှဝေမယ့် နည်းပညာဆိုင်ရာ Videos တွေ ကြည့်ရှုနိုင်ဖို့ IAT Youtube Channel လေးကိုလည်း Subscribe လုပ်ထားပါနော် … https://www.youtube.com/channel/UCGTJiR_GcGMYQdTxHLnf1dA