Amazon Elastic Compute Cloud (Amazon EC2) ဆိုတာ AWS Cloud မှာ အသုံးပြုလို့ရတဲ့ အရွယ်အစားအမျိုးမျိုးသတ်မှတ်ရွေးချယ်လို့ရမယ့် Scalable Computing Capacity ပါ။ Amazon EC2 သုံးပြီး Hardware ပိုင်းတွေအတွက် ကြိုတင်ရင်းနှီးမြှုပ်နှံရမယ့် Upfront Cost တွေ မလိုအပ်တော့ဘဲ Applications ဖန်တီးဖြန့်ဝေမှုတွေကို ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်မှာပါ။ Virtual Servers အရေအတွက်နည်းနည်း (သို့) များများ လိုအပ်သလို ရယူဖို့၊ Security နှင့် Networking Features တွေ Configure လုပ်နိုင်ဖို့၊ Storage Settings တွေ သတ်မှတ်စီမံနိုင်ဖို့တွေအတွက် EC2 ကို အသုံးပြုနိုင်ပါတယ်။ လိုအပ်ချက်အပြောင်းအလဲတွေ ထိန်းညှိဖို့၊ တဟုန်ထိုး အသုံးများလာတတ်တာတွေ ဖြေရှင်းနိုင်ဖို့၊ Usage Traffic ခန့်မှန်းရမှုတွေ လျော့ကျဖို့တွေအတွက် လိုအပ်သလို Virtual Servers အတိုးအလျော့တွေလည်း ပြုလုပ်နိုင်မှာပါ။
Features of Amazon EC2
Instances | အပြင်မှာ အမှန်တကယ်အသုံးပြုရတဲ့အတိုင်း ဖြစ်စေမယ့် Virtual Computing Environments ပါ။ |
Amazon Machine Images (AMIs) | OS နှင့် အခြား Softwares တွေအပါအဝင် Server အတွက် လိုအပ်မှာတွေကို စုစည်း Package ပြုလုပ်ထားတဲ့၊ Instances တွေအတွက် ကြိုတင် Configure ပြုလုပ်ထားတဲ့ Templates တွေပါ။ |
Instance Types | Instances တွေအတွက် CPU, Memory, Storage, နှင့် Networking Capacity တွေလို Configurations အမျိုးမျိုးပါ။ |
Key Pairs | AWS ဘက်မှာ Public Key သိမ်းထားပြီး၊ Private Key ကို မိမိတို့ဘက်မှာ လုံခြုံစိတ်ချစွာ သိမ်းထားမယ့်၊ Key တစုံထားပြီး Login Information တွေကို လုံခြုံစိတ်ချရစေတဲ့ Key Pairs ပါ။ |
Instance Store Volumes | Instance Data တွေ ကို ယာယီသိမ်းထားရာနေရာ၊ Temporary Storage Volumes ပါ။ Instance ကို ခဏရပ်တာ၊ ဆိုင်းငံ့ထားတာ၊ အပြီးရပ်လိုက်တာတွေ ပြုလုပ်တဲ့အခါ ယာယီသိမ်းထားတဲ့ အချက်အလက်တွေကိုပါ တပါတည်း ဖျက်သွားမှာပါ။ |
Amazon Elastic Block Store (Amazon EBS Volumes) | Instance Data ကို အမြဲသိမ်းထားပေးမယ့် Persistent Storage Volumes ပါ။ |
Regions and Availability Zones | Instances တွေနှင့် Amazon EBS Volumes တွေလို Resources တွေအတွက် ကမ္ဘာ့နေရာ အနှံ့အပြား တော်တော်များများမှာရှိနေတဲ့ Physical Locations တွေပါ။ |
Security Groups | Instances တွေကို ရောက်ရှိနိုင်မယ့် Source IP Ranges တွေ၊ Protocols တွေ၊ Ports တွေကို သတ်မှတ်ဖို့၊ ခွင့်ပြုဖို့ Security Groups တွေသုံးနိုင်တဲ့ Firewall Feature ပါ။ |
Elastic IP Addresses | Dynamic Cloud Computing အတွက် ရယူနိုင်တဲ့ Reserved Public IP Addresses တွေပါ။ |
Metadata (Tags) | EC2 Resources တွေအတွက် ဖန်တီးသတ်မှတ်နိုင်တဲ့ အမည်/အချက်အလက်ပါ။ |
Virtual Private Clouds (VPCs) | AWS Cloud ထဲမှာ သီးခြားရပ်တည်ဖို့ Logically Isolated ဖြစ်ဖို့ ဖန်တီးနိုင်မှာပါ။ မိမိရဲ့ Own Network ကို ချိတ်ဆက်ဖို့လိုလျင်တော့ ချိတ်ဆက်လို့ရပါတယ်။ |