Getting to the Command Line
ကိုယ်တွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ Applications တွေထဲက တစ်ခုကတော့ Terminal Emulator ပါ။ တွက်ချက်လုပ်ဆောင်မှုတွေ အမှန်တကယ်ပြုလုပ်ပေးတဲ့ အဝေးတနေရာမှစက်တွေကို အသုံးပြုသူတွေက ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ကြတဲ့အခါ အသုံးပြုလေ့ရှိတဲ့ မူလလက်ဟောင်းပုံစံ Serial Terminals (Teletype Machines) တွေလို Graphical Environment တစ်ခုမှာ တုပလုပ်ဆောင်ပေးထားတာကြောင့်ပဲ Terminal Emulators လို့ခေါ်တာပါ။ အဲ့ဒီစက်တွေဟာ Unix ရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ Versions တွေမှာ အသုံးပြုခဲ့ဖူးတဲ့ Graphics လုံးဝမပါတဲ့ တကယ်ပဲရိုးရှင်းတဲ့ ကွန်ပျူတာတွေဖြစ်ခဲ့ပါတယ်။
Gnome မှာဆိုလျင် Gnome Terminal Application လို့ခေါ်ပြီး KDE မှာတော့ Konsole လို့ခေါ်ကြပါတယ်။ သို့သော် Xterm လိုမျိုး အခြားရွေးချယ်စရာများစွာလည်းရှိပါတယ်။ အဲ့ဒီလို Applications တွေဟာ Shell နှင့် အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့အတွက် Command Line Environment ကို အသုံးပြုလို့ရစေပါတယ်။
မည်သည့် Terminal Application ကိုရွေးချယ်မည်ဆိုတာ Linux Distribution ရဲ့ Application Menu မှာ ကြည့်ရမှာပါ။ Terminal Applications တွေ ကွာခြားကြပေမယ့် အားလုံးကတော့ Command Line အသုံးပြုဖို့ လိုအပ်တာတွေအားလုံးကို ထောက်ပံ့ပေးပါတယ်။
Terminal ထဲကိုရောက်ရှိနိုင်တဲ့ အခြားနည်းလမ်းတစ်ခုကတော့ Virtual TTY ကို အသုံးပြုတာပါ။ Ctrl + Alt + F# Keys တွေကို တွဲလျက်နှိပ်ပြီးတော့လည်း ရောက်ရှိနိုင်ပါတယ်။ F# ဆိုတာ Function Keys Number 1 to 7 ထဲက တစ်ခုခုပါ။ Function Keys အတွဲတချို့က Session Manager (or) Graphical Environment ကို ဝင်ရောက်ဖို့ဖြစ်ပြီးတော့ တချို့ကတော့ Login Name ရိုက်ဖို့ Login ဝင်နိုင်ဖို့ Prompt ပြတာမျိုးပါ။
iatlpi ဆိုတာ ကွန်ပျူတာရဲ့ Hostname ဖြစ်ပြီး tty3 ကတော့ ဖော်ပြခဲ့ဖူးသလို Key အတွဲ Ctrl + Alt + F3 နှိပ်ပြီးနောက်မှာ ရရှိလာတဲ့ Terminal ကိုပြောတာပါ။
Login နှင့် Password ထည့်ပြီးတဲ့အခါမှာတော့ Graphical Environment မဟုတ်တဲ့ Terminal တစ်ခုထဲကို ရောက်ရှိသွားပြီး Wayland (သို့) X Session တခုခု မစထားဘဲနှင့်တော့ Graphical Applications (သို့) Mouse အသုံးမပြုနိုင်တာမျိုးဖြစ်မှာပါ။
Presentations and Projects
Linux ပေါ်မှာ Presentations တွေပြုလုပ်ဖို့ အရေးအကြီးဆုံး Tool ကတော့ LibreOffice Impress ဖြစ်ပြီး Open Source Office Suite တစ်ခုဖြစ်တဲ့ LibreOffice ရဲ့ တစိတ်တပိုင်းပါပဲ။ LibreOffice ကို Microsoft Office နှင့် တူညီတဲ့ Open Source အစားထိုးမှုအနေဖြင့် ရှုမြင်လို့ရပါတယ်။ Powerpoint မှာ အသုံးပြုတဲ့ PPT and PPTX Files တွေကိုလည်း ဖွင့်နိုင်သိမ်းနိုင်ပါတယ်။ သို့ပေမယ့်လည်း မူလဖိုင်ပုံစံဖြစ်တဲ့ ODP Impress Format အသုံးပြုဖို့တော့ အကြံပြုချင်ပါတယ်။ ODP ဆိုတာ ယခုလို Presentation ဖိုင်တွေအတွက် International Standard တစ်ခုဖြစ်တဲ့ Open Document Format ရဲ့ တစိတ်တပိုင်းပါပဲ။ Compatibility Problems တွေအတွက် စိတ်မပူရဘဲ နှစ်ပေါင်းများစွာဆက်ပြီး အသုံးပြုနိုင်ဖို့အတွက် အထူးပဲအရေးပါလှတဲ့ဖိုင်ပုံစံမျိုးပါ။ Open Standard ဖြစ်တာမို့ လိုင်စင် (သို့) မူပိုင်ခွင့်အတွက် မပေးချေရဘဲ မည်သူမဆို ဒီလို Format မျိုးကို ဖန်တီးနိုင်တာပါ။ အသစ်အသစ်သော Software တွေနှင့်လည်း ကိုက်ညီမှုရှိမှာကြောင့် ပိုပြီးကြိုက်နှစ်သက်တဲ့ အခြား Presentations Software တွေကို စမ်းကြည့်ဖို့လည်း လွတ်လပ်မှုပေးပါတယ်။
သို့ပါသော်လည်း Graphical Interfaces တွေထက် Code ကိုပိုပြီးနှစ်သက်လျင်တော့ ရွေးချယ်ဖို့ Tools အနည်းငယ်ရှိပါတယ်။ Beamer ဆိုတာ LaTeX Code မှ Presentations Slide တွေဖန်တီးနိုင်တဲ့ LaTeX Class တစ်ခုပါပဲ။ LaTeX ကိုယ်တိုင်ကတော့ Complex Math Symbols တွေလို အခြား Software တွေဖြင့် ပြုပြင်ဖန်တီးရခက်တာတွေကို အထူးအားဖြင့် နိုင်နင်းစွာကိုင်တွယ်ထိန်းသိမ်းနိုင်မယ့် သင်ကြားရေးကျောင်းတွေမှာ သိပ္ပံဆိုင်ရာစာတမ်းတွေ ရေးသားပြုစုဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ Typesetting System တစ်ခုပါ။ အကယ်၍ သင်သာ တက္ကသိုလ်တစ်ခုမှာ ရှိနေပြီး Equations တွေ အခြား Math ဆက်စပ်ပြဿနာတွေ ဖြေရှင်းဖို့လိုအပ်ခဲ့မယ်ဆိုလျင်တော့ Beamer ဟာ များစွာအချိန်ကုန်သက်သာစေမှာပါ။
အခြားရွေးချယ်စရာတစ်ခုကတော့ Reveal.js ဖြစ်ပြီး Web ပေါ်မှာ လှပတဲ့ တင်ပြမှု Presentation တွေဖန်တီးနိုင်မယ့် အတော်လေးကောင်းမွန်တဲ့ NodeJS Package Manager (NPM) Package တစ်ခုပါပဲ။ HTML နှင့် CSS တွေသာ ရေးနိုင်မည်ဆိုလျင် Reveal.js ဟာ မည်သည့် Resolution နှင့် Screen Size ပေါ်မှာမဆို ကောင်းကောင်းအလုပ်လုပ်နိုင်မယ့် လှပပြီး အပြန်အလှန်ပြောဆိုတင်ပြနိုင်တဲ့ Presentations တွေ ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ JavaScript အများစုကို ယူဆောင်လာပေးမှာပါ။
နောက်ဆုံးဖော်ပြရလျင် Microsoft Project အတွက် အစားထိုးလိုပါက GanttProject (သို့) ProjectLibre တို့ကို စမ်းသုံးကြည့်လို့ရပါတယ်။ မူလ Proprietary Counterpart ဖြစ်တဲ့ Microsoft Project နှင့် အတော်လေးဆင်တူပြီး Project Files တွေနှင့်လည်း ကိုက်ညီမှုရှိပါတယ်။