(3) Licenses
မော်တော်ကားနှင့် ရေခဲသေတ္တာလိုမျိုး ထိတွေ့ကိုင်တွယ်လို့ရတဲ့ Physical Product မဟုတ်တဲ့ Software ဟာ Digital Product တစ်ခုပါ။ အဲ့ဒါကြောင့်ပဲ Software Company တစ်ခုဟာ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှု လွှဲပြောင်းခြင်း၊ ရောင်းချခြင်းတွေလို Software Product တစ်ခုရဲ့ ပိုင်ဆိုင်ခွင့်ကို အမှန်တကယ်မလွှဲပြောင်းနိုင်ကြဘဲ၊ အသုံးပြုခွင့်ကိုသာ လွှဲပြောင်းလို့ရပြီး အသုံးပြုသူနှင့် သဘောတူညီမှုရယူကာ စာချုပ်ချုပ်ဆိုကြရတာပါ။ Software License တွေမှာ မည်သည့်အသုံးပြုခွင့်တွေရှိ/မရှိ ဆိုတာတွေကို မှတ်သားဖော်ပြထားတာကြောင့် ပါဝင်တဲ့ စည်းမျဥ်းစည်းကမ်းတွေရဲ့ အရေးပါမှုကို နားလည်ရလွယ်ကူလာစေပါတယ်။
Microsoft (or) SAP တို့လို Proprietary Software ထုတ်လုပ်တဲ့ Large Vendors တွေဟာ သူတို့ရဲ့ Products တွေနှင့် အတိအကျကိုက်ညီစေတဲ့ ကိုယ်ပိုင် Licenses တွေရှိကြပေမယ့် Free and Open Source Software ဖန်တီးသူတွေအတွက်တော့ အသုံးပြုသူတိုင်းအတွက် နားလည်ရလွယ်ကူစေရန်နှင့်၊ လိုအပ်လာပါက ကိုယ်ပိုင်ဖန်တီးဖို့ Licenses တွေကို ကိုယ်တိုင်အသုံးပြုနိုင်စေရန်အတွက် Licenses တွေရဲ့ ရှင်းလင်းပြတ်သားမှု၊ မှန်ကန်မှုရှိစေဖို့ အစပိုင်းကတည်းက လှုပ်ရှားရုန်းကန်ကြရပါတယ်။
သို့သော် သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေ များလွန်းတာရယ် နိုင်ငံတကာဥပဒေနှင့် အမြဲကိုက်ညီနားလည်နိုင်ဖို့ မဖြစ်နိုင်တာရယ်ကြောင့် ရိုးရှင်းလိုမှုကိုလည်း မဖုံးကွယ်သွားသင့်ပါဘူး။ အဲ့ဒီအတွက် ဥပမာတစ်ခုကတော့ German နှင့် American မူပိုင်ခွင့်ဥပဒေတွေဟာ အခြေခံအားဖြင့် မတူညီကြပါဘူး။ ဂျာမန်ဥပဒေအရ ဖန်တီးသူတစ်ဦး စာရေးဆရာတစ်ဦးရဲ့ (အတိအကျပြောရရင် Urheber) ဖန်တီးမှု ရေးသားထားမှုဟာ သူ့ရဲ့ ဉာဏမူပိုင်ခွင့်ပါ။ သူ့ရဲ့ဖန်တီးမှုကို အသုံးပြုဖို့ ခွင့်ပြုချက်ပေးနိုင်ပေမယ့်၊ မူပိုင်ခွင့်စွန့်လွှတ်တာနှင့် လွှဲပြောင်းပေးတာမျိုးတော့ ပြုလုပ်ခွင့်မရှိပါဘူး။ အဲ့ဒါဟာ အမေရိကန်ဥပဒေနှင့်တော့ မတူတာပါပဲ။ Company (သို့) Institution ပဲဖြစ်ဖြစ် ရေးသားသူ ဖန်တီးသူတစ်ဦးချင်းပဲဖြစ်ဖြစ်ဟာ သူ့ရဲ့မူပိုင်ခွင့်ကို အပြည့်အဝဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ လွှဲပြောင်းတာမျိုး စွန့်လွှတ်တာမျိုး ပြုလုပ်နိုင်တဲ့ အခွင့်အရေးရှိတဲ့ တစ်ဦးတည်းသောသူပါ။ နိုင်ငံတကာအတွက် မှန်ကန်ပါတယ်ဆိုတဲ့ License တစ်ခုကို မတူညီနေတဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနှင့်ပဲ ကိုက်ညှိလက်ခံလိုက်နာရမှာပါ။
အကျိုးဆက်အားဖြင့်တော့ မတူညီ ကွဲပြားခြားနားတဲ့ FOSS Licenses တွေ အများအပြားရှိလာတာပါပဲ။ License တစ်ခုရဲ့ မတူညီတဲ့ Versions တွေ (သို့) (Project တစ်ခုတည်းမှာ (သို့) များစွာသော Projects တွေ ချိတ်ဆက်ကြရင်တောင်မှ) Licenses တွေ ရောထွေးအသုံးပြုကြရတဲ့အခါ ရှုပ်ထွေးမှု (သို့) ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်စေနိုင်တာတွေကြောင့် ပိုမိုဆိုးဝါးတာတွေရှိနေဆဲပါ။
Free Software ကိုယ်စားပြုသူတွေနှင့် ရှင်းလင်းစွာပဲ စီးပွါးရေးကိုဦးတည်တဲ့ Open Source Movement ရဲ့ ကူညီဆောင်ရွက်ပေးသူတွေအားလုံးဟာ သူတို့ရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ Software licenses တွေဖြစ်ပေါ်လာဖို့ သူတို့ရဲ့ အဖွဲ့ဝင်တွေ အဲ့ဒီအတိုင်းလိုက်နာကြဖို့ ထောက်ပံ့ပေး အဆုံးအဖြတ်ပေးတဲ့ တာဝန်ရှိသူတွေပါ။