Introduction
ယခုအခန်းမှာတော့ စာသား Text တွေကို ကိုင်တွယ်စီမံရာမှာ အသုံးပြုလေ့ရှိတဲ့ Tools တွေအကြောင်း ပြောပါမယ်။ အဲ့ဒီ Tools တွေကို System Administrators (သို့) Programs တွေမှ ထပ်ခါထပ်ခါ အကြိမ်ကြိမ်တွေ့ရတတ်တဲ့ အချို့အချက်အလက်တွေကို ရှာဖွေဖို့ (သို့) အလိုအလျောက်စောင့်ကြည့်ဖို့တွေအတွက် သုံးလေ့ရှိတာပါ။
Searching within Files with grep
အခုအခန်းမှာ ပြောပြမယ့် ပထမဆုံး Tool ကတော့ “grep” Command ပါ။ “grep” ဆိုတာ “Global Regular Expression Print” ရဲ့ အစစာလုံး (အတိုကောက်စာလုံးတွေ) Abbreviation တွေ ဖြစ်ပြီး အဓိကအားဖြင့်တော့ ရှာလိုတဲ့ စာသား Pattern တွေကို ဖိုင်တွေထဲမှာ ရှာဖွေဖို့ပါပဲ။ ရှာဖွေလိုက်တဲ့စာသားကို တွေ့ရှိတဲ့အခါ အဲ့ဒီ့စာသားကို အနီရောင်ခြယ်ပြီး သူပါသမျှစာကြောင်းတွေကို ပြပေးမှာမျိုးပါ။
အခြားအသုံးများတဲ့ Commands တွေလိုပဲ “grep” Command ကို Options တွေ တွဲသုံးနိုင်ပါတယ်။ အသုံးအများဆုံး Options တွေကို ဖော်ပြထားပါတယ်။
-i | Case Insensitive ပုံစံဖြင့် ရှာလိုတဲ့ စာလုံးအကြီး/အသေးမရွေးဘဲ ဘာပဲဖြစ်ဖြစ် ရှာဖွေဖို့ပါ။ |
-r | Recursive အဖြစ် Directory နှင့် Subdirectories တွေထဲမှာပါ ထပ်ခါ ထပ်ခါ ရှာဖွေဖို့ပါ။ |
–c | တွေ့ရှိသမျှကို ရေတွက်ဖို့ Count လုပ်ပေးဖို့ပါ။ |
-v | ပြောင်းပြန်အဖြစ်၊ Invert အပြန်အလှန်အဖြစ် မတွေ့တဲ့စာကြောင်းတွေကို ထုတ်ပြဖို့ပါ။ |
-E | Extended Regular Expressions အဖြစ် ပိုမိုအဆင့်မြင့်တဲ့ “|”, “+”, “?” စတဲ့ Meta-characters တွေပါ အသုံးပြုပြီး ရှာဖွေဖို့ပါ။ |
“grep” Command မှာ အခြား အသုံးဝင်တဲ့ Options များစွာရှိသေးတာမို့ Man Page မှာ ပိုမိုရှာဖွေလေ့လာနိုင်မှာပါ။