Renaming Files
Files တွေကို mv Command သုံးပြီး နေရာရွှေ့နိုင်၊ အမည်ပြောင်းနိုင်ပါတယ်။ လက်ရှိအလုပ်လုပ်နေတဲ့ Directory ကို moving Directory ကို ထားလိုက်ပါမယ်။

စမ်းကြည့်ဖို့အတွက် ဖိုင်အချို့ဖန်တီးပါမယ်။ အခုထိဆိုလျင်တော့ ဒီ Commands တွေနှင့် ရင်းနှီးနေကြလောက်ပါပြီ။

file22 ဟာ မှားရိုက်မိတာ အမည်မှားပေးမိတာဖြစ်ပြီး အမှန်က file2 ဆိုကြပါစို့။ mv Command သုံးပြီး ပြန်ပြောင်းပါမယ်။ ဖိုင်တဖိုင်ကို အမည်ပြန်ပြောင်းတဲ့အခါ First Argument မှာ လက်ရှိနာမည်နှင့် Second မှာ ပြန်ပြင်လိုသော နာမည်အသစ်ထားရပါမယ်။

mv Command ကို သတိထားသုံးရပါမယ်။ ရှိပြီးသားဖိုင်နာမည်တစ်ခုကို နာမည်ပြောင်းဖို့ ယူသုံးမိမယ်ဆိုလျင်တော့ Overwrite ဖြစ်သွားမှာမို့ပါ။ file3 နှင့် file4 တို့ဖြင့် စမ်းကြည့်ကြပါစို့။

file3 ရဲ့ Contents တွေဟာ file4 ရဲ့ Contents တွေဖြစ်နေတာကို တွေ့ရမှာပါ။ အဲ့ဒီလို ရှိပြီးသားဖိုင်ကို Overwrite လုပ်မယ် မလုပ်ဘူးရွေးလို့ရမယ့် Interactive Option လေးအတွက် (-i) ဒီမှာစမ်းကြည့်ပါမယ်။

Moving Files
Directory တစ်ခုမှ အခြားတစ်ခုသို့ ဖိုင်တွေရွှေ့ဖို့လည်း mv Command ကို သုံးနိုင်တာပါ။ Files တွေရွှေ့ကြည့်ဖို့ Directories တချို့ဆောက်ပါမယ်။

file1 ကို dir1 ထဲကို ရွှေ့ပါမယ်။

mv Command ရဲ့ Last Argument ဟာ Destination Directory ဖြစ်နေတာကို သတိပြုမိမှာပါ။ Last Argument ဟာ Directory ဖြစ်တဲ့အခါတိုင်း ဖိုင်တွေကို သူ့ထဲကိုရွှေ့မှာပါ။ ဖိုင်တွေအများကြီးကို mv Command တခုထဲဖြင့်လည်း ဖော်ပြနိုင်တာပါ။

mv Command ကို Directories တွေရွှေ့ဖို့ အမည်ပြောင်းဖို့လည်း သုံးနိုင်ပါတယ်။ dir1 ကို dir3 အဖြစ် အခုလို အမည်ပြောင်းမှာပါ။

